6

3.3K 453 16
                                    

[Unicode & Zawgyi]

ရက်သတ္တပတ်တစ်ခုက ချောချောမွေ့မွေ့ ကုန်ဆုံးသွားခဲ့ပြီး မစ်ရှင် ရဲ့တိုးတက်မှုကတော့ သုညဖြစ်နေဆဲပင်ဖြစ်သည်။ နေ့တိုင်း ရှန်ဖုန်းယွဲ့ က 'ကျောင်းသွားတယ်၊ သင်ခန်းစာတွေ နားထောင်တယ်၊ အိမ်စာလုပ်တယ်၊ အရူး နှစ်ယောက်နဲ့ ပြောဆို ဆက်ဆံရတယ်၊ ကျောင်းမှာ System နဲ့ စကားစမြည် ပြောတယ်၊ ပြီးရင် နေ့လည် ၂ နာရီမှာ အိမ်ကို ပြန်တယ်' စတဲ့ အဲဒီ့ ပျင်းစရာ လုပ်ရိုးလုပ်စဉ်တွေကိုပဲ နေ့တိုင်း လုပ်နေခဲ့ရတယ်။ ဘဝက မဟားတရား ပျင်းစရာ ကောင်းလွန်းလို့ တဖြည်းဖြည်း ဗုဒ္ဓဘာသာဝင်တောင် ဖြစ်လာ တော့မယ်။ပြောရရင် System နဲ့ သူ့ရဲ့ ဆက်ဆံရေးကတောင် အဆင်ပြေစပြုလာပြီ။

သူတို့နှစ်ယောက်က ကိုယ့် ဝါသနာ သူ့ ဝါသနာ အကြောင်းတွေတောင် စပြီးပြောဖြစ်ကြတယ်။

ရှန်ဖုန်းယွဲ့ က System ကိုမေးလိုက်တယ် "မင်းမှာ ဝါသနာ တစ်ခုခုရှိလား?"

"အင်း" System က ဖြေခဲ့တယ် "အလုပ်ပြီးသွားရင် အရက်သောက်တာ၊ AI သတင်းတွေအကြောင်း ပြောရတာ၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာ၊ စာအုပ်ဖတ်ရတာနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရတာ ကြိုက်တယ်"

ဒီလောက်တောင်များတယ်?!ရှန်ဖုန်းယွဲ့ ‌တစ်‌ယောက် ယုံတောင်မယုံနိုင်ဘူး။  A.I ကမ္ဘာက ဖျော်ဖြေရေး တိုးတက်မှုတွေက ဒီလောက်တောင် သာလွန်နေတာလား လို့တောင် သူတွေးမိတယ်? ဒေတာတွေရဲ့ဘဝကတောင် ဒီလောက်အဆင့်အတန်းမြင့်‌နေတဲ့ထိအောင်လေ?

"မင်း ဝိုင်ရောသောက်လို့ရလား?"

System က စိတ်အလိုမကျစွာပြောလိုက်တယ် "ရတယ်။ဘာလို့လဲ?ငါက သောက်လို့မရဘူးလား? ငါပြောပြမယ် A.I ကမ္ဘာထဲက ဝိုင်ကလေ အရမ်းစျေးကြီးတာနော်။ ဝိုင်ကောင်းကောင်း တစ်ပုလင်းက ကမ္ဘာပေါင်းများစွာက လစာအများကြီးစာလောက် ပေးရတာ။ ငါက ဝိုင်အများကြီးသောက်ရတာ ကြိုက်တဲ့သူဆိုတော့ အဲဒါကြောင့် ကမ္ဘာပေါင်းများစွာကနေ ရလာတဲ့ ပိုက်ဆံတွေကိုစုပြီးတော့ ငါကြိုက်တဲ့ ဝိုင်ဆယ်ပုလင်းဝယ်ပြီး အိမ်မှာ သိမ်းထားလိုက်တယ်။"

"..." ရှန်ဖုန်းယွဲ့ က တခဏတာလောက် တိတ်ဆိတ်သွားတယ်။ System ကပေးတဲ့ အချက်အလက်တွေကို နားလည်သွားအောင်လို့ အချိန် အတော်ကြာယူလိုက်ရပြီးတော့မှအခြားမေးခွန်းတစ်ခုကို ပါးစပ်ကနေ ထပ်မေးလိုက်တယ် "အဲ့ဒါကဘာနဲ့လုပ်တာမလို့လဲ? ဘာလို့ဒီလောက်တောင် ဈေးကြီးရတာလဲ?"

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now