Part - 2❗

50.5K 2.9K 67
                                    

Part - 2

My Oleander Hubby

Part - 2

My Oleander Hubby

" ရာဇ် !! ဒီနေ့က "

" ကျွန်တော်သပ်သပ်လာတာ အကို ၊ အေးအေး
ဆေးဆေး လာသောက်တာပါ"

ပုံမှန်ဆိုရင် ဒီနေ့က ကိုယ့်ရဲ့နားရက် ။ အိမ်မှာလဲ
အဆင်မပြေတာတွေကြောင့် စိတ်ညစ်ညစ်နဲ့ Club
မှာသောက်ဖို့ထွက်လာခဲ့တာ ။ စိတ်ညစ်စရာတွေကို
ခါးသက်သက်အရည်မျိုချလိုက်ပြီး အလုံးစုံမမေ့နိုင်
ပေမယ့် အနည်းဆုံးတော့ စိတ်လေးသက်သာလို
သက်သာငြားပေါ့ ။ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့
ထဲမှာလဲ ဘယ်လိုမွန်းကျပ်မှုကိုမှ လက်ဆောင်
ထည့်မပေးလိုက်နိုင် ။ နာကျင်မှုတွေဟာ
ကိုယ့်ဆီမှာပဲ တကူးတကပျော်ရွှင်နေတာမျိုးလား ။

" မင်းလာတော့ Club လူပိုစည်တာပေါ့ကွာ ၊
စိတ်လွတ်လက်လွတ်သာကဲ ! မင်းမပြန်နိုင်ရင်
နားနေခန်းထဲ ငါကိုယ်တိုင်ကျောပိုးပြီး ထည့်ပေး
ထားမယ် "

" Okay !!! "

ကိုယ်ရောက်လာတာနဲ့ မိန်းကလေးတွေ ဆူဆူ
ညံညံဖြစ်လာတာက သိသိသာသာ။

ရာဇ် လဲ စိတ်ညစ်ညစ်နဲ့အရက်ထိုင်သောက်
နေလိုက်ပါတယ် ။ မီးရောင်စုံတွေကြား စည်းချက်နဲ့
လှုပ်ရှားနေမှုတွေဟာ ဒီအချိန်မှာတော့ ကိုယ့်
အတွက်စိတ်ညစ်စရာတစ်ခုလို့သာမြင်နေမိတော့တာ ။
သိပ်မကြာခင်ပဲ ဖြူဖြူလွှလွှ နတ်သားလေးတစ်ပါး
ကိုယ့်ဘေးကိုရောက်လာပြီး ---

" ဒီမှာထိုင်လို့ရမလားဟင် "

ခပ်ညုညုအသံတွေကို ပုံမှန်ဆိုသိပ်ခံစားလို့မရပေမယ့်
ဒီအချိန်မှာတော့ များများစားစားတွေးမနေဘဲ
ခေါင်းညှိမ့်ပြလိုက်ကာ ---

" ရတယ် ထိုင် "

" ကျေးဇူးပါ "

ကျေးဇူးပါဆိုတဲ့စကားအဆုံး ကိုယ့်ရင်ခွင်ထဲနစ်ဝင်
မတက် ပူးကပ်ထိုင်လာတဲ့ကောင်လေး ။ ခပ်အီအီ
ရေမွှေးအနံ့က နှာခေါင်းဝထဲကို ကလူ၏သို့
မြူအိသို့နှယ်။ မသိမသာရော သိသိသာသာ
ကျူးကျော်လာတဲ့ လက်ချောင်းတွေက ကိုယ့်ပေါင်
တွေပေါ်အစုံအဆန်ပွတ်သပ်လို့ ။ ရေလာဖို့
မြောင်လာဖောက်နေတဲ့သူကိုရှောင်တိမ်းနေရအောင်
ကိုယ်က ဥပုသ်စောင့်ထားတဲ့ကျားလဲမဟုတ် ။

My Oleander Hubby ( Completed ) Where stories live. Discover now