46

12.6K 983 30
                                    

မင်းမော် က ခက်ထန် လက်ကိုဆွဲကိုင်ထားကာ
အထဲသို့ ၀င်မသွားရန် အသံမဲ့စွာ တား၏ ။

" မင်းမော်က စကားမပြောနိုင်တော့ဘူး ။ ကျွန်တော် အလောင်းပစ်မလို့ လုပ်တဲ့အချိန်တုန်းက အသက်ရှူနေသေးလို့ ကယ်ထားခဲ့တာ.. ဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ ပုံရေး ရှိနေတာကို ကျွန်တော်တို့ သိပြီးပြီ အစ်ကို! "

မှိုင်း စကားကို ရိုင်နာက ၀င်ထောက်ခံဟန်ဖြင့် ခေါင်းညိမ့်ပြ၏။

" အထဲမှာ ထည်ဝါ ရှိနေတာမှန်ပေမဲ့ မင်း စွတ်ဝင်သွားလို့မရဘူး ။ ပုံရေးကလည်း ထည်ဝါ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး ခက်ထန်! ဒါကို မင်းတစ်ယောက်တည်း လုပ်နိုင်မှာမဟုတ်ဘူး ။ ပုံရေးက မင်းကို လိုချင်လို့ ထည်ဝါ့ကို အသုံးချခဲ့တာ... ၊ မသွားပြန်ရင်လည်း ရှေ့လျှောက် ပုံရေး ဘာတွေ အရူးထဦးမလဲ မသိနိုင်သေးဘူး။ မင်း ဒီနေရာထဲဝင်ဖို့ မင်းမော် ကို လိုအပ်တယ် ။ သူက ဒီနေရာရဲ့ အတွင်းလူပဲ! "

ခက်ထန် ရိုင်နာ့စကားကို လက်ခံပေးခဲ့၏ ။

ရိုင်နာနှင့် မှိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် စိုးရိမ်စိတ်လွန်ကဲနေသော ခက်ထန် မျက်နှာကိုကြည့်နေရင်း နားမလည်နိုင်အောင် ရှိလှ၏။. သူ စွန့်ပစ်လိုက်တဲ့ လူကို သူက ပြန်လာကယ်ခြင်းအပေါ် သူ့အပေါ် ဘယ်သူကမှ နားလည်နိုင်မည်မဟုတ် ။

ပုံရေး တစ်ယောက်ကရော? ထည်ဝါနဲ့ မျှားခေါ်လိုက်ရုံဖြင့် ခက်ထန် ရောက်လာလိမ့်မည်ဟု ဘာလို့များ တွေးမိသွားရသလဲ?

မင်းမော် က ရှေ့မှဦးဆောင်ပြီး ကျန်သူများက နောက်မှ သတိအနေအထားဖြင့် တရွေ့ရွေ့ချဉ်းကပ်လာကြတော့၏ ။

"ဘယ်သူလဲ" ဟူသော အော်သံလေးဖြင့်
ထည်ဝါလင်းရှိန် ဟာ လှုပ်ရှားမရသော ခန္ဓာကိုယ်လေးကို ယမ်းခါပြီး အော်ဟစ်နေခဲ့သည်။
သူ ဒီနေရာကို ဘယ်လိုရောက်လာသလဲ သူမသိဘူး။ သူ သတိရတဲ့အချိန်မှာ မျက်လုံးပေါ်က အစည်းနှောင်ခံထားရသော တစုံတစ်ခုကို ခံစားနေမိသည် ။ လက်နှစ်ဖက်လုံးကို နောက်ပြန်ချည်ထားခြင်းတော့ မဟုတ် ။ ဘေးတစ်ဖက်တစ်ချက်စီမှ ထိုင်ခုံလက်ရန်းများဖြင့် တွဲလျက် ချည်နှောင်ခံထားရခြင်း ဖြစ်သည် ။ လှုပ်လှုပ်ရှားရှား အသံတစ်ခုတလေမျှ သူ မကြားရသည့်အခါ လက်အသားတို့ ပွန်းပဲ့သွားစေလောက်သည်ထိ သူ မရမက ရုန်းကန်သည်။

You are my husband (Season 1)Completed  Where stories live. Discover now