Part 14 ( Uni+Zawgyi)

5.6K 264 4
                                    

Uni

​ရွှေဘုန်း တို့ သူငယ်ချင်းတစ်စု ပြင်ဦးလွင်​ရောက်​နေကြသည်။ အဏ္ဏဝါနဲ့ မြတ်တို့ မင်္ဂလာ​ဆောင် ပွဲတက်ရန် အတွက် ။ ခန့်မင်း နဲ့ ရ​ဝေ ကလည်း မင်္ဂလာ ကိစ္စကို အားလုံးကူညီကြ၏။ ​ခေတ်ကလည်း အဏ္ဏဝါတို့ မနက်ပွဲ၊ ညပွဲ​တွေအတွက် ဝတ်စုံများကို လှပစွာ ချုပ်​ပေးထား သည်။ မြတ်မိဘများက LGBT ကို​ထောက်ခံ​တာ​ကြောင့် မင်္ဂလာပွဲကို မနက်တပွဲ ၊ ညတပွဲစည်ကားစွာ လုပ်ကြမည်။ မြတ် တို့ပိုင်တဲ့ resort မှာပဲ ပွဲ ၂ပွဲ လုံး လုပ်ကြမည်။

မြတ်က​လေးကို​တော့ ​ပြောထားရ​သေးတယ် ။​မောင်နဲ့ ​ခေတ်အ​ကြောင်း သူ့အ​မေကို အသိမ​ပေးဖို့။ သူ့အ​မေ နဲ့ ​ခေတ်​မေ​မေ က ညီအမ​တွေလို​နေကြတာ ။ သူများ​ပြောမှ ​​ခေတ်မိဘ​တွေသိမှာထက် ​ခေတ်ကိုယ်တိုင်​ပြောပြမှသိတာကို လိုချင်တာ။

​​ရွှေဘုန်းတို့အဖွဲ့​တွေကမင်္ဂလာပွဲမတိုင်မှီတစ်ရက် ကြို​ရောက်သည်။ ခန့်မင်းတို့ အတွဲက​တော့ ကားတစီးဖြင့် ​နေရာစုံလည်ပတ်​နေကြသည်။ ​ရွှေဘုန်းက​တော့ ခေတ်​လေး ခရီးပန်းလာတာ​ကြောင့် နားခိုင်းထားသည်။

​"ခေတ်​လေး အဆင်​ပြေလား ၊ ​နေရတာ ဘယ်လိုလဲ ၊ မူး​နေတာ​ကော ​ပျောက်ပြီလား "

"အဆင်​ပြေပါတယ် ​မောင် "

​"ခေတ်​လေး အပြင်ထွက်ချင်​သေးလား "

"ထွက်မယ်​လေ ​မောင် လန်းသွား​အောင်"

​"မောင်!! ​ခေတ်​လေ ဆိုင်ကယ် နဲ့ သွားချင်တယ် ကားမစီးချင်​​တော့ဘူး "

"အင်း ​ခေတ်​လေး သ​ဘော ​မောင်စီစဥ်လိုက်မယ် "

​ခေတ် ​ရေချိုးပြီးထွက်လာ​တော့ ​မောင်က အဆင်သင့် ။ Jean pants အနက်​ရောင် ​ ၊လည်ပိတ် ဆွယ်တာ အဖြူ အ​ပေါ်မှာ ဂျာကင်အနက်​ရောင် နဲ့ ဖိနပ်ကလည်း အနက် ​မောင့် အသားအ​ရေ ၊ အရပ်အ​မောင်းနဲ့​ကတော့ အ​တော် လိုက်ဖက်သည်။

​"ခေတ်​လေး ​အေးလိမ့်မယ် အ​နွေးထည်ဝတ်ခဲ့"

​ခေတ်က ​ဘောင်းဘီအဖြူရောင် ၊ Hoodie အဝါ ​ရောင်​လေးနဲ့ lv shopping bag ​လေးလွယ် ထားတာ။

Forever Together  (Completed)Where stories live. Discover now