အခန်း ၄ ( အပိုင်း ၂)

4.5K 530 11
                                    

လော့ယောင်ယောင်က လွဲလို့ လော့ယွမ်ဇီနဲ့ ဖန်ရှီလဲ့ လော့ချန်ချန်ပါ ထမင်းစားပွဲမှာ ရောက်နေကြပြီပင်

လော့ယောင်ယောင် ဆင်းလာတာမြင်တော့ လော့ချန်ချန်နဲ့ ရယ်မောပြီး စကားပြောနေတဲ့ လော့ယွမ်ဇီက ချက်ချင်း မျက်နှာထားပြောင်းကာ လော့ယောင်ယောင်ကို ဒေါသတကြီးကြည့်လာခဲ့သည်။

လော့ယောင်ယောင်ကလည်း စောက်ဂရုမစိုက် သူမက လှေကားကနေပျော်ရွှင်စွာ ဆင်းလာကာ လော့ယွမ်ဇီကို အဖတ်ကိုမလုပ်

ဖန်ရှီလဲ့က လော့ယောင်ယောင်ကိုမြင်တော့ အန်တီလျိုကို ညစားချခိုင်းမလို့ရှိသေး လော့ယွမ်ဇီက တားကာ "မချသေးနဲ့ဦး အရင်ဆုံး ယောင်ယောင် ငါညည်းကိုပြောစရာရှိတယ်"

လော့ယောင်ယောင်က စားပွဲကိုရောက်တုန်းရှိသေး "မေမေ" လို့ခေါ်ကာ နှုတ်ဆက်ပြီး ခုံကိုဆွဲကာ ထိုင်လိုက်သည်။ ထို့နောက် လော့ယွမ်ဇီကို ကြည့်ကာ ဒီလူက တော်တော်ကို ကြည့်ကောင်းတာကိုတော့ သူမဝန်ခံရမည်ပင် အသက် ၄၀ ဆိုပေမယ့် မသိရင် အသက် ၃၀ လောက်သာထင်ရလောက်အောင် အချိန်တွေက သူ့အပေါ် အထူးကောင်းပေးနေသလိုမျိုး အေးတိအေးစက်မျက်နှာထားဖြစ်နေပေမယ့် ကြင်နာတတ်လို့နေမှာပေါ့လေ ပြောရရင် သွင်ပြင်က မျက်နှာထားနဲ့ဆိုင်တယ်လို့ပြောကြတယ်မလား

လော့ယောင်ယောင် ကသူ့မှာ အေးစက်တဲ့မျက်နှာနဲ့ နွေးထွေးတဲ့နှလုံးသားရှိတယ်လို့ ယုံကြည်ခဲ့ဖူးတယ် နောက်ပိုင်းမှသာ သူက ဒီတိုင်း ဒေါသကိုထိန်းချုပ်ဖို့ ဟန်ဆောင်နေတယ်ဆိုတာ သဘောပေါက်ခဲ့တာ

လော့ယွမ်ဇီက သူ့သမီး အပြုအမူကြောင့် စိတ်ထဲမကျေမနပ်ဖြစ်သွားကာ မျက်နှာထားက ပိုအေးစက်လာပြီး "ယောင်ယောင် ငါညည်းကို အကြိမ်ပေါင်းများစွာပြောဖူးတယ် အဆင်အခြင်မဲ့ မလုပ်ပါနဲ့လို့ အမှားလုပ်ရင်လည်း ကိုယ့်ကိုကိုယ် အရင်သုံးသပ်ဖို့ တခြားသူတွေကို အပြစ်လိုက်မတင်ဘဲနေဖို့ ပြောထားတယ် ဒီတစ်ခါ ညည်းပစ္စည်းပျောက်တာလည်း ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့ပျောက်တာလေ အဲ့ဒါကို ကိုယ်အစ်မကို အပြစ်တင်ရလား ငါညည်းကို ဘယ်လိုသင့်ထားလဲ ငါ့ လော့ယွမ်ဇီရဲ့သမီးက သူများကို စွပ်စွဲချင်သလို စွပ်စွဲလို့ရတယ်ပေါ့?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now