Ch-26(Uni/Zg)

49.4K 3.5K 1K
                                    

" တောက်!! "

လက်ထဲက ဖုန်းကိုလွှင့်ပစ်ပီး နံရံကိုဆောင့်ကန်ကာ ဒေါသစိတ်တွေကိုပေါက်ကွဲလိုက်သည်

" သူထွက်သွားတာဘယ်အချိန်ထဲကလဲ "

" သခင်လေးအလုပ်သွားပီး မကြာခင်မှာပဲထွက်သွားတာပါ "

" လွန်းတာနေဆန်းက ငါမရှိတဲ့အချိန်တိုင်း အဲ့လိုသွားနေကျပဲလား "

" ရှင်....တ...တခါတလေမှပါ "

ဟန်နရီခါးကိုထောက်ကာ သက်ပြင်းချလိုက်ပီး အိမ်အပေါ်ထပ်ကိုပြေးတတ်သွားသည် သူပြန်လာတဲ့အချိန်ထဲက လွန်းကိုမတွေ့ရတဲ့အပြင် ဖုန်းကိုစက်ပိတ်ထားတဲ့ကလေးကြောင့် ဒေါသစိတ်တွေက ပို၍ဆူပွက်လာသည် ဘာပဲ ဖြစ်ဖြစ် ဘယ်သွားမယ်ဘာလုပ်မယ်ဆိိုတာတော့ အသိပေးသွားသင့်တယ်မှတ်လား

********

" ဟာကွာ!!!! "

လက်ထဲကိုင်ထားတဲ့ tabletကိုပါ ဟန်နရီအ၀ေးကိုကိုင်ပေါက်လိုက်သည် အချိန်အားဖြင့် ည10နာရီကျော်နေတာကြောင့်် ဟန်နရီရဲ့သည်းခံနိုင်စွမ်းက ကျော်လွန်လာပီဖြစ်သည်
ခြံရှေ့မှာ ကားရပ်သံကြားလိုက်တာကြောင့် ဟန်နရီခါးထောက်ကာ လိုက်ကာနောက်ကွယ်မှချောင်းကြည့်လိိုက်သည်
ကောင်လေးတယောက်ကိို ရယ်မောပီးနှုတ်ဆက်နေတဲ့ လွန်းကြောင့် ဟန်နရီရဲ့ဒေါသစိတ်တွေက ထိန်းမရအောင်ဖြစ်လာသည်

စိတ်ဆိုးနေပေမဲ့ ဒေါသစိတ်တွေကိုထိန်းချုပ်လိုက်ပီး မျက်နှာကိုတင်းကာ ဆိုဖာပေါ်ခြေချိတ်ပီးထိုင်နေလိုက်သည်
ခဏအကြာ အခန်းထဲအပြစ်လုပ်ထားသလို ပုံစံမျိုးနဲ့၀င်လာတဲ့ လွန်းကို ဟန်နရီမျက်မှောင်ကျုံ့ကာ စိုက်ကြည့်လိုက်သည်

" ဘယ်နှနာရီရှိနေပီလဲ "

" 10နာရီ "

" အေး 10နာရီထိ အပြင်မှာပျော်မြူးနေရအောင် ဘာတွေများအရေးကြီးနေလို့လဲ "

" ကျတော့်သူငယ်ချင်း မွေးနေ့Partyလေးရှိလို့ သွားတာ "

" အဲ့တာ ငါ့ကိုအသိပေးရမယ်ဆိုတာ နားမလည်ဘူးလား "

( ငါ) ဆိုတဲ့နာမ်စားသုံးလိုက်ထဲက ဟန်နရီအတော်လေး စိတ်ဆိုးနေပီဆိုတာ လွန်းသဘောပေါက်လိုက်သည်

HANARY(S1+S2) Where stories live. Discover now