Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၆)
Maxiyoတွေဝင်လာသည်နှင့် ဆေးရုံကြီးသည်ငြိမ်ကျသွားလေသည်။ Bellaတို့သည် VVIP roomဆီသာဦးတည်ပြီး ဝင်လာခဲ့သည်။
" Yo! ပတ်တီးအဖွေးသားနဲ့ပါလား ကိုယ့်လူ"
Aprilသည် Baz၏နဘေးသွားထိုင်ကာ ပြုံးပြုံးလေးဖြင့် စ နေသည်။
" မင်းမိန်းမမွေးခါနီးနေပြီကို မင်းကလျှောက်သွားနေတာလား April "
" ဟုတ်တယ်လေ။ မွေးခါနီးငါ့မိန်းမကို ငါစိတ်မပူရဘူး။ မင်းကိုပဲစိတ်ပူနေရလို့ မင်းဆီရောက်လာတာလေ။ ကြည့်စမ်းပါအုံး ဒီလိုလက်နဲ့ ဘယ်လိုသေနတ်ကိုင်မတုန်း "
Baz၏ပတ်တီးအဖွေးသားလက်ကိုကိုင်ပြီး ကြင်နာစွာကြည့်ကာ ပြောနေသည်။
" ဒီလောက်က အေးဆေးပါ။ Momပိုးလုံးလေးကို သင်္ဂြိုလ်မယ်ဆို ဒီကိုဘာလာလုပ်တာလဲ "
" သူ့သားအသက်လုနေရတဲ့အချိန်မှာ ဘယ်မိခင်ကတမလွန်ကိုအေးဆေးသွားနိုင်မလဲ။ ပြီးတော့ မင်းမပါဘဲ မသင်္ဂြိုလ်နိုင်ဘူး "
" ကျွန်တော်တောင်းပန်ပါတယ် Mom "
" နောက်နှစ်မှသင်္ဂြိုလ်လို့ရပါတယ်ကွာ..မင်းပဲသက်သာအောင်နေ"
" လူကသက်သာတယ်..ဒီနေရာကနည်းနည်းတော့အောင့်တယ် "
(A/Nဟား ဟား ရေးရင်းနဲ့ ငိုနေပြီကွ)
ဘယ်ဘက်ရင်အုပ်ကိုထိုးပြကာ မျက်ရည်များဝေ့သီလာသည့် သားဖြစ်သူကို Bellaဖက်ကာ ချော့မြူနေသည်။" ငါ့သားလေး ပင်ပန်းနေပြီလား"
"...."
" အချစ်ကအမြဲတမ်း မပူနွေးနိုင်သလို မအေးစက်နိုင်ပါဘူးကွာ..တကယ်တမ်းကျတော့ ဆက်ချစ်ဖို့နဲ့လွှတ်ချဖို့ဆို လွှတ်ချဖို့က ကိုယ့်အတွက်အရှုံးပိုများတယ်။ မင်းဒီအထိတောင် သည်းခံလာပြီးပြီမလား။ တစ်နေ့နေ့တော့ မင်းအချစ်တွေကို သူမြင်လာပြီး မင်းအပေါ်နွေးထွေးလာမှာပါ"
" ကျွန်တော် လွှတ်ချမိတော့မယ်ထင်တယ်။ သူ သူများတွေအပေါ်ဂရုစိုက်တဲ့အထဲက တစ်ရာခိုင်နှုန်းလောက်သာ ကျွန်တော့်ကိုဂရုစိုက်ရင် ကျွန်တော်လွှတ်ချဖို့တွေးမိမှာမဟုတ်ဘူး"

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...