12(uni&zawgyi)

5.6K 154 0
                                    

Unicode
🌹 နေမာန်နရဲ့ ဆူးနှင်းဆီ 🌹

အပိုင်း ၁၂

အိတုံတစ်ယောက် မမလေးဆီသွားချင်သော်လဲစိတ်ကမပါပေ။
မနက်က လူကြီးက 'သခင်မလေးဆီသွားလိုက်ဦးနော်မင်းကိုမျှော်နေတယ်တဲ့' အိတုံလဲသွားချင်ပါတယ်၊ ဒါပေမယ့် အိတုံလာရင်မမလေးကထွက်ပြေးဖို့ပြောမှာကြောင့်အိတုံသွားချင်စိတ်မရှိ၊ သူမ မမလေးကိုခုလိုအေးအေးချမ်းချမ်းလေးနေစေချင်သည်၊ မမလေးဒုက္ခတွေအများကြီးခံခဲ့ပြီးပြီလေ ခုပျော်ပျော်ရွှင်ရွှင်နေသင့်ပြီပဲ၊ သခင်လေးကလဲအရမ်းချစ်ရှာသည်၊ မမလေးသာထွက်ပြေးလို့ကတော့ အိတုံတွေးတောင်မတွေးရဲ။

'ဟင့် မမလေးရယ်အိတုံလုပ်သမျှမမလေးကောင်းဖို့ချည်းပါပဲ ခုလဲအိတုံမမလေးအတွက်တွေးပေးတာပါနော် ဟင့်'

ရန်စွယ်အလုပ်ကိစ္စပြီးလို့ အပြင်ကပြန်လာကာ အိမ်ကြီးဆီလာရင်း ခရေပင်ကြီးအောက်ကျုံကျုံလေးထိုင်နေတဲ့အိတုံကိုမြင်သွားကာ။

'ဟင် အိတုံ သူအဲမှာဘာလုပ်နေတာလဲ'

ရန်စွယ်ရေရွတ်ကာသူမဆီလျှောက်သွားလိုက်သည်။

'အိတုံ'

'ဟင်'

ရုတ်တရက်မို့ အိတုံလှည့်ကြည့်လိုက်ကာ၊

'ဘာလုပ်နေတာ ဟာ'

ရန်စွယ်သူ့ဘက်လှည့်လာတဲ့ ချစ်စရာကောင်မလေးရဲ့မျက်နှာမှာမျက်ရည်တွေမြင်လိုက်ရတာကြောင့်။

'အိတုံ ဘာဖြစ်တာလဲ မင်းဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ ကိုယ့်ကိုပြောလေ'

'ဟင်အင့်'

'ဟာ ဘာဟင့်အင့်လဲ ခုပြော ဘာဖြစ်လို့လဲ သခင်မလေးကဆူလို့လား'

'မဟုတ်ပါဘူး'

'ဒါဆိုမတွေ့ခဲ့လို့လား သခင်လေးကခွင့်ပေးထားတယ်လေ'

'မဟုတ်ဘူး အိတုံသွားမတွေ့တာပါ'

'ဟင် ဘာလို့လဲ'

'အိတုံမမလေးကိုတွေ့ဖို့အင်အားမရှိဘူး ဟင့် ဟင့်'

'ဟာ မငိုနဲ့လေကွာ'

ရန်စွယ်သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ငိုရှိုက်နေတဲ့သူမလေးကိုယ်ကိုရင်ခွင်ထဲထည့်ကာ ခေါင်းလေးပွတ်ပေးရင်း။

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now