Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၇)
ကြပ်သိပ်နေသည့် ကားလမ်းမထက်၌ အနက်ရောင်ကားများသည် အရှိန်အဟုန်ပြင်းစွာမောင်းနှင်နေသည်။ ထိုကားများလာသည်နှင့် ဘေးကပ်ပေးရချေသည်။ မကပ်ပေးပါက ဝင်တိုက်သွားမည်သာ။ ကောင်းကင်ယံ၌လည်း ဟယ်လီကော်ပတာများ ပျံဝဲနေသည်။ ထိုယာဉ်အားလုံးတွင် တစ်ခုတူညီသည်က Maxiyoတံဆိပ်ပင်ဖြစ်သည်။
ထိုယာဉ်အားလုံးရဲ့ စိုက်ကပ်ရာသည် ဆေးရုံတစ်ခုဆီသို့ဖြစ်သည်။ ဆေးရုံရှေ့ရောက်သည်နှင့် ကားပေါ်မှာပါသော လူအကုန်ဆင်းကာ ဆေးရုံကိုအကာအကွယ်ယူသည်။ လူတချို့သည်တော့ အပေါ်ထပ် ဟယ်လီကော်ပတာ ဆင်းသည့် ကွင်းသို့အပြေးအလွှားတက်သွားသည်။ နှလုံးစက်သံများနှင့် ဆူညံနေသော ဆေးရုံတွင် ယခုတော့ ဖိနပ်ခွာသံများဖြင့် ဆူညံနေလေသည်။
" Vam ငါ့သားတစ်ခုခုဖြစ်ရင် ဒီဆေးရုံကို မီးလောင်တိုက်သွင်းပြစ် "
Bella ဟယ်လီကော်ပတာပေါ်မှ ဆင်းလာချင်းချင်း မိခင်တစ်ယောက်၏အပူသောကဖုံးလွှမ်းနေသော အမိန့်တစ်ခုကိုပေးသည်။
" အမိန့်အတိုင်းပါ မဒမ် "
မည်သို့သော အမိန့်ဆိုစေကာမူ လိုက်နာရန်အသင့်ရှိသော Vamသည်လည်း အမိန့်ကိုလက်ခံလေသည်။
Bellaရောက်ပြီး ခဏအကြာမှာ ဂျာမနီကိုပြန်သွားနေပြီဖြစ်တဲ့ Aprilပါရောက်လာလေသည်။ ပြီးနောက် သူမတို့နှစ်ဦးဆေးရုံအတွင်းသို့ bodyguardများခြံရံကာ ဝင်သွားလေသည်။
သူမတို့၏မျက်ဝန်းအိမ်သည် စူးရှကာ နီရဲလုနီးပါးရှိသည်။ အရပ်မတိမ်းမယိမ်းဖြစ်သော သူမတို့နှစ်ဦးသည် ယောင်္ကျားသားတွေအလည်မှာ ထင်းထွက်နေသည်။ သူမတို့၏ နှဖူးကြောတွေသည် တင်းကာ ပေါက်ထွက်လုနီးနီးထောင်နေသည်။ အသွင်တူသော အမျိုးသမီးနှစ်ယောက်သည် VVIP roomဆိုသော နေရာ၌ ရပ်သွားလေသည်။
သူမတို့ အခန်းရှေ့ရောက်တော့ အနည်းငယ်ဟနေသည့် အခန်းကို ချောင်းကြည့်လိုက်သည်။ အခန်းထဲ၌ ဆရာဝန်တွေ၊သူနာပြုတွေနဲ့အလုပ်ရှုတ်နေပြီး လူနာနှစ်ယောက်ရှိနေသည်။ တစ်ယောက်ကတော့ ပြောစရာမလိုအောင် သူမတို့၏သွေးသားလေးပဲဖြစ်ပေမည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...