အပိုင်း(၁၃)

99.3K 7.4K 1.7K
                                    

"ဟို...ခုနက စကားက..
နောက်နေတာတော့ မဟုတ်ဘူးမလားဟင်.."

သူ့ကို ရှက်ရွံ့စွာကြည့်ရင်း မေးလာသည့်
ရှန်ခွန်းနောင်ကြောင့် စိုင်းအံ့သျှိုင်းယံ
ပြုံးလိုက်မိသည်..။

သူ့ဆီက ဖွင့်ပြောသည့်စကားကို ကြားရပြီး
အတန်းထဲမှာ.. ကျောက်ရုပ်လေးလို ငြိမ်သက်
တိတ်ဆိတ်သွားကာ ကြောင်တောင်တောင်လေး
ထိုင်နေတာကြောင့် အေးအေးဆေးဆေးစကားပြောရန် အနီးဆုံးမှာရှိသည့် ကားပါကင်မှာ
ရပ်ထားသည့် သူ့ကားပေါ်ကိုခေါ်ခဲ့တော့လည်း
အရုပ်လေးလို တစ်ခွန်းမှမငြင်းဘဲ လိုက်ခဲ့ရှာသည်။

" နောက်နေတာလားဟင်.."

သူ့ဘက်က အနည်းငယ်တိတ်ဆိတ်၍ထင်..
မျက်နှာလေးငယ်လျက်ဒုတိယအကြိမ်ထပ်
မေးလာပြန်သည်။

" ကိုယ့်ပုံစံက နောက်နေတာနဲ့တူလို့လား.."

" ဒါပေမဲ့ ရုတ်တရက်ကြီး..."

" မင်းကကိုယ့်ဆီက ထွက်ပြေးနေပြီလေ..။
ကိုယ်က မင်းထွက်ပြေးတာမှ မခံစားနိုင်တာ.."

" ထွက်မပြေးပါဘူး..။"

" သေချာလို့လား...."

ရှန်ခွန်းနောင်က ခေါင်းလေးငုံ့လျက်
တိတ်သွားသည်..။
စိုင်းအံ့သျှိုင်းယံ ပြုံး၍သာကြည့်နေမိသည်..။

အတန်ကြာမှ ရှန်ခွန်းနောင်က တိုးသက်သက်
အသံလေးဖြင့်..

"အစ်ကိုက..ကျွန်တော့်ကို
တွန်းထုတ်နေတာ..လေ..။"

" ကိုယ်က.....?"

"ကျွန်တော်က... ကျွန်တော်က
သဝန်တိုတတ်တယ်..။အစ်ကိုက အဲ့ဒါကို..
တခြားသူတွေနဲ့ ရင်းရင်းနှီးနှီးနေပြီး..
ကျွန်တော့်ကိုကျ လျစ်လျူရှုတယ်.."

" မေချယ်ရီလင်းလား.."

" အစ်ကို အဲ့ဒီအစ်မနဲ့တွဲနေတာလား.."

" သူနဲ့တွဲနေရင် မင်းကို .. တွဲမယ်လို့
ကိုယ်ပြောပါ့မလား.."

" ဒါပေမဲ့......"

" 1 st year ထဲက ပေါင်းလာတဲ့
သူငယ်ချင်းတွေ ..
ရှန်ခွန်းနောင်ရဲ့.."

" အဲ့ဒါဆို ဘာလို့.. အဲ့ဒီအစ်မနဲ့ အပြင်ထွက်လဲ..။
ဘာလို့ အဲ့ဒီအစ်မကို အစ်ကို့လက်ကို
ထိခိုင်းတာလဲ.."

RO ( ရို ) (Completed)Where stories live. Discover now