3-1

6.3K 479 24
                                    

အမဲလိုက်ခြင်း

Kinn

မှန်ရှေ့မှာမတ်တပ်ရပ်နေရင်း လည်ပင်းကိုကြည့်လိုက်တဲ့အခါ အဲ့ဒီခေါင်းမာမာနဲ့ကောင်ကိုက်သွားတဲ့ဒဏ်ရာကိုတွေ့လိုက်ရသည်။ဒဏ်ရာကသွေးတောင်စို့နေတဲ့အပြင် ဘေးပတ်ပတ်လည်ကလည်းခရမ်းရောင်နဲ့အဝါရောင်စပ်ထားသလိုပဲ။ကွန်တော်ခေါင်းစောင်းပေးလိုက်တဲ့အခါ သက်တော်စောင့်တွေထဲကတစ်ယောက်ဖြစိတဲ့ Bigကလက်ထဲမှာရှိနေတဲ့ဂွမ်းနဲ့ ဒဏ်ရာကိုဖြည်းဖြည်းချင်းသန့်ရှငိးပေးလာပြီး သူမကျေနပ်သမျှကိုတဗျစ်တောက်တောက်ပြောလာပြန်သည်။

“သူ​ဌေး Kinn အဲ့ဒီလိုကောင်မျိုးကိုတကယ်ကြီးသက်တော်စောင့်ခန့်မလို့လား”
Bigက ကျွန်တော့်ဒဏ်ရာကိုပိုးသတ်ဆေးလိမ်းပေးလာတာကြောင့် အေးတိအေးစက်အထိအတွေ့ကိုခံစားလိုက်ရသည်။

"ဘာလို့လဲ။"

ကျွန်တော် သူ့ကိုပြန်မေးလိုက်တဲ့အခါ Bigကသက်ပြင်းချလိုက်သည်။

“အဲ့ဒီကောင်ကသူဌေးကိုဒီလိုဖြစ်အောင်လုပ်သွားတာလေ။ကြည့်နေ မနက်ဖြန်ကျရင် ကျွန်တော်သူ့ကိုလိုက်ရှာပြီးလက်စားချေပြမယ်။”

“အဲ့ဒီလိုလုပ်တာကမှမင်းကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမှာပဲ။ငါ့အဖေကမင်းကိုသတ်မှာပေါ့။”ကျွန်တော်အတည်ပေါက်စိုက်ကြည့်ပြီးပြောလိုက်သည်။

“ဒါပေမဲ့ သူဌေးကလည်း သူဌေးကိုဘယ်သူမှန်းမသိတဲ့အဲ့ဒီကောင်ကအရှက်ခွဲတာကိုခံနေရတာ သေတာနဲ့အတူတူပဲ။အဲ့ဒီကောင်ကသူဌေးကိုဘယ်နေရာမှန်းမသိတဲ့နေရာမှာချထားတာနှစ်ခါရှိနေပြီကို ဒီတစ်ခေါက်ကျလည်ပင်းကိုကိုက်လိုက်တယ်တဲ့လား။အဲ့ဒီလိုအဆိပ်ပြင်းတဲ့ကောင်ကို ဘယ်လိုများယဥ်ပါးအောင်လုပ်ရမလဲ။ ”Bigကပွစိပွစိနဲ့ပြောနေတာကြောင့် အဲ့ဒီကောင်ပြောနေတာရပ်သွားအောင် ကျွန်တော်စိုက်ကြည့်လိုက်တဲ့အခါ သူကဒဏ်ရာသန့်ရှင်းရေးကိုပဲအာရုံစိုက်လိုက်သည်။

အမှန်အတိုင်းပြောရရင် ကျွန်တော်လည်းအဲ့ဒီကောင်ကိုသက်တော်စောင့်အဖြစ်ခန့်ထားချင်တာမဟုတ်ဘူး။Bigကတော့ သူ့လိုလူမျိုးတွေနဲ့ခဏခဏတွေ့ဖူးတယ်ဆိုတာရယ် ဒီလိုလူမျိုးတွေကလေယူရာယိမ်းဝါဒကိုလက်ကိုင်ထားတာကြောင့် အလေးသာတဲ့ဘက်ကိုဘက်ပြောင်းတတ်တဲ့လူဆီကနေ ဘယ်လိုမျိုးသစ္စာရှိမှုကိုမှမျှော်လင့်လို့မရလောက်ဘူးဆိုပြီးတောက်လျှောက်ပြောနေခဲ့တာ။

HereWhere stories live. Discover now