116

6.5K 1.3K 28
                                    

Unicode

“ခင်ဗျားရဲ့ထီးနန်းကို လိုချင်တာ..!”

ရင်းဆုယဲ့က သာမန်ကာလျှံကာ ပြောလိုက်ပေမယ့် အေးစက်စက် မျက်ဝန်းတွေကနေ ထုတ်လွှတ်နေတဲ့ ဖိအားအရှိန်အဝါက နောက်ပြောင်တာမဟုတ်ကြောင်း သက်သေထူနေတယ်။ ဝမ်ပထျန်ရဲ့ အသက်နဲ့ထီးနန်းကို အမှန်တကယ် လိုချင်နေတာဖြစ်ကြောင်း သိသာလွန်းလှတယ်။

“ဒါမှမဟုတ် ခင်ဗျားရဲ့အသက်ကို ပေးချင်လည်းရတယ်..!”

နှုတ်ခမ်းထောင့်မှာ ဖြည်းညှင်းစွာ ကော့တက်သွားခဲ့ပြီး တစ်လောကလုံးအား စီးမိုးကြည့်နေသကဲ့သို့ အထက်စီးဆန်သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပင် ခြိမ်းခြောက်နိုင်စွမ်းပြင်းထန်တဲ့ အရှိန်အဝါတစ်ခုလည်း ပါဝင်နေခဲ့တယ်။ ထိုအချိန် ရင်းဆုယဲ့ရဲ့ပုံစံက အတိတ်ဘဝမှ စည်မျဉ်းဥပဒေကို အုပ်စိုးခဲ့သူ လူသားဘုရင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

“မင်း ငါ့ကို တစ်ချိန်လုံး ကစားနေခဲ့တာပေါ့..?!”

ရင်းဆုယဲ့ရဲ့ စကားနှစ်ခွန်းကိုကြားမှ တုံးအလွန်းတဲ့ ဝမ်ပထျန်ခမျာ သူ့ကိုယ်သူ ရင်းဆုယဲ့ရဲ့ လှည့်စားခံလိုက်ရကြောင်း နားလည်သွားခဲ့တယ်။

“အင်း..”

နှစ်ဖက်လုံး ကြင်နာတတ်တဲ့ မျက်နှာဖုံးတွေကို ဖယ်ရှားပြီးမှတော့ ရင်းဆုယဲ့လည်း ဝမ်ပထျန်ကို မျက်နှာသာပေးနေစရာ အကြောင်းမရှိတော့ဘူး။

“သေချင်နေတာပဲ..!”

သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောဆိုရဲတဲ့ ရင်းဆုယဲ့ကြောင့် ဝမ်ပထျန်ရဲ့စိတ်ထဲ မကောင်းတဲ့စိတ်ရိုင်းတွေ လျှံကျလာခဲ့တယ်။

“မြို့တော်တစ်ခုလုံးကို ပျက်စီးစေချင်ရင် ဒီမှာတိုက်ခိုက်လို့ရတယ်..”

ရင်းဆုယဲ့က အန္တရာယ်အငွေ့အသက်ကို လုံးဝမခံစားမိသလိုမျိုး ဝမ်ပထျန်ကိုသာ ထူးမခြားနား စိုက်ကြည့်နေခဲ့တယ်။ ချောမောကြည့်ကောင်းတဲ့ မျက်နှာပေါ်မှာ ဘာပြောင်းလဲမှုမှမရှိသလို မျက်ဝန်းထဲမှာလည်း ခံစားချက်မရှိ။ ရွံရှာစက်ဆုပ်ခြင်း၊ ဒေါသ၊ မကျေနပ်စိတ် ဘာဆိုဘာမှမရှိဘဲ ပကတိ တည်ကြည်နေခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now