KING(9)

11K 1.1K 8
                                    

KING- 9

ချလွင်...

အခန်းတွင်းစိုးမိုးသွားသည့် ခွက်တိုက်သံတွေ။

"ဒီတစ်ခါ အန်ကယ်လ်ဇေ သယ်လာတဲ့ ဝီစကီကတော့ လုံးဝအပျံစားပဲ။ လည်ချောင်းထဲဖြတ်စီးသွားတာတောင် ကောင်မလေးတွေ နှုတ်ခမ်းထက်နူးညံ့သေးတယ်။ ရှယ်ပဲ ဖိုးဇော်တို့က ဒါမျိုးမှကြိုက်တာ"

ခွက်ထဲကဝီစကီကို တစ်ကျိုက်တည်းသောက်ပြီး နှုတ်ခမ်းကို လျှာနဲ့သပ်ကာ နိုင်ဇော်မှ စကားစလိုက်ခြင်းဖြစ်သည်။

"ဟဟ ကြိုက်တယ်ဆို တိုက်ရကျိုးနပ်တယ် ဖိုးဇော်ရာ။ ချသာချ"

"ဘယ်လိုလဲ အန်ကယ်လ်ဇေ ဒီညအတွက် အဖော်လှလှလေးလိုသေးလား။ အောက်မှာ ပွင့်သစ်စလေးတစ်ယောက် ရောက်နေတယ်။ အန်ကယ်လ်ဇေ စိတ်ဝင်စားရင်"

"No No ငပိုင်။ ဒီညတော့ Getleman တွေချည်းပဲနေကြတာပေါ့။ Lady တွေထားလိုက်ပါကွာ။ အာရုံတွေမနောက် ချင်ဘူး"

ပန်းကန်ထဲက အသားဖတ်တစ်ဖတ်ကို တူနှင့်ညှပ်ယူကာ ပါးစပ်ထဲသွင်းလိုက်ရင်း အန်ကယ်လ်ဇေမှ လက်ခါပြောဆို နေခြင်း။

"အန်ကယ်လ်ဇေက အာရုံတွေနောက်နေလို့လား"

တစ်ခွက်ပြီးတစ်ခွက် မနားတမ်းချနေသည့် နိုင်ဇော်က စကားထောက်သည်။

"နောက်နေတာတော့ ဟုတ်ပေမယ့် သိပ်တော့အရေးမပါပါဘူး"

အန်ကယ်လ်ဦးဇေယျ အာရုံနောက်သည်ဆိုတော့ အခန်းတွင်းရှိ လူလေးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်ခုံးများပင့်သွားရသည်။ မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးဖြစ်သည့်အပြင် ပျိုပျိုအိုအို ခေါင်းခေါက်တွဲနိုင်သည့် ဘဲကြီးက အာရုံနောက်စရာရှိသေးတာလား။

"ငါတို့ အန်ကယ်လ်ကိုအာရုံနောက်အောင် လုပ်တာ ဘယ်သူလဲ။ ကျွန်တော်တို့ကိုပြော။ ကျွန်တော်တို့အပြတ်ရှင်း ပေးမယ်"

ပိုင်သူထူးအပြောကို ဦးဇေယျသဘောတကျပြုံးပြရင်း အသိအမှတ်ပြုလိုက်သည်။ စစ်သားတွေခေတ်ကောင်းတုန်းလေး ဖအေကစစ်တိုင်းမှူးဖြစ်ခဲ့တာကိုပဲ ဒီနေ့ဒီချိန်ထိ အာဏာပြနိုင်သလို ထင်မှတ်နေတဲ့သောက်ရူးကောင်လေး။ ဘာဖြစ်ဖြစ် ဒီကောင်လေးတွေက ဦးဇေယျလုပ်ငန်းတို့ရဲ့ လက်ပါးစေတွေဆိုတော့လည်း မျက်ကွယ်ပြုထားလို့မရသူများ ဖြစ်နေပြန်သည်။

KINGWhere stories live. Discover now