Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၈)
" အဆိပ်ခတ်လုပ်ကြံတယ် ဆိုတာ ဒီလိုမျိုးကိုမှခေါ်တာ။ မင်းရဲ့ အပျော့စားအဆိပ်လောက်နဲ့ အသုံးမဝင်ဘူး "
ဆေးရုံခန်းထဲမှထွက်လာပြီး လက်အိတ်တစ်စုံကိုချွတ်ကာ နတ်ဆိုးတစ်ကောင်လို ကြောက်မက်ဖွယ်ရာ ပြုံးနေသော သူ..။ ထိုလူထွက်ပြီး ခဏအကြာမှာ ဆေးရုံခန်းထဲမှ လူတစ်ယောက်သည် ရုပ်ပျက်ဆင်းပျက်စွာ သေဆုံးသွားလေတော့သည်။
ထိုလူသည် Richardပင်။ သူစိုက်ပျိုးခဲ့တဲ့အပင်ကို သူကိုတိုင်းရိတ်သိမ်းလိုက်ရလေသည်။
မနက်ခင်း၌ ထိုဆေးရုံတွင် သတင်းတစ်ခု၊ထင်မြင်ချက်နှစ်ခုသည် တစ်မဟုန်ချင်းထွက်လာသည်။ ဆေးရုံပိုင်ရှင်၏ ယောင်္ကျားသည် မေ့မြောချင်ယောင်ဆောင်ကာ သူ့ယောင်္ကျားရဲ့လင်ငယ်ကို အဆိပ်ခတ်သတ်လိုက်သည်ဆိုသောသတင်း..။ ထိုသတင်းအပေါ်တွင် သေကိုသေသင့်တယ်ဆိုသော မှတ်ချက်နှင့် အဲ့လိုရက်စက်လို့ သူ့ယောင်္ကျားက သူ့ကိုပြစ်ထားတာဆိုသော မှတ်ချက်နှစ်ခုသည် မျဉ်းပြိုင်နှစ်ကြောင်းလို တစ်ရှိန်ထိုးထွက်ပေါ်လာသည်။
အမှန်သည်တော့ ထိုနေ့မနက်မှ တိုက်ဆိုင်စွာ Bazသည် သတိရလာခဲ့ခြင်းဖြစ်သည်။ နိုးနိုးချင်း လှုပ်ရှားမှုကြောင့် ဆရာဝန်တွေသိပြီး အခန်းထဲစစ်ဆေးဖို့လာခဲ့ရာ လူသေကိုပါ တွေ့သွားခြင်းဖြစ်သည်။
Bazတစ်ယောက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဖြစ်ပါတော့သည်။
ဆရာဝန်တွေက အရစ်ရှည်လိုက်ရာ ရဲတွေပါရောက်လာသည်။ တရစက်မေးခွန်းတွေကြောင့် ပြန်ပါမေ့ချင်သွားလေသည်။
" Mr.Bazက ဒီနေ့မှ သတိပြန်ရတာ အမှန်ပါလား"
" ဟုတ်တယ်.! အခုမှသတိပြန်ရတာ။ နိုးနိုးချင်း မင်္ဂလာအရှိဆုံးအချိန်နဲ့ကြုံလိုက်ရတာ ဘယ်လောက်တောင်အံ့ဩဖို့ကောင်းလဲ "
ခပ်ထေ့ထေ့ပြုံးကာ စိပ်ထားသည့်အသီးတစ်ခုပြီး တစ်ခုပါးစပ်ထဲကောက်ထည့်နေသည်။ လက်၌လည်း ဆေးပိုက်တွေရှိသေးသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...