အပိုင်း(၁၄)

96.3K 7.1K 1K
                                    

သူစိမ်းတစ်ယောက်ကို
အဖြစ်အပျက်တစ်ခုတည်းနဲ့
သုံးကြိမ်တိတိ တိုက်တိုက်ဆိုင်ဆိုင်
တွေ့ဆုံတဲ့အခါ ဖူးစာလို့ပြောနိုင်ရဲ့လား...။

သုံးကြိမ် တိတိ လှေကားထောင့်ချိုးလေးမှာ
ဝင်တိုက်ပြီး..သူ့ကို တစ်ခါလေးမှတောင်
မှတ်မိပုံမရတဲ့ လူကိုရော
ဘယ်လိုပြောရမလဲ..။

~~~

သူနဲ့အတူလျှောက်နေသည့် လွှမ်းသုတကို
ဝေမှူးပိုင် ကြည့်လိုက်မိသည်..။

1 st semester မှာကတည်းက ဝေမှူးပိုင်က
လွှမ်းသုတကို သတိထားမိခဲ့တာဖြစ်သည်။
ကျောင်းတက်တဲ့ပထမဆုံးနေ့မှာ..
အတန်းထဲကပြေးထွက်လာပြီး သူ့ကို
ဝင်တိုက်ခဲ့တဲ့ ထို တစ်ယောက်က
အခု 2 nd sem မှာ လည်း နှစ်ကြိမ်တိတိ ထပ်၍ဝင်တိုက်ပြန်သည်။

ပထမတစ်ကြိမ်က နှစ်ထပ်ရှိသည့်
စာကြည့်တိုက်တွင် အောက်ထပ်ကိုဆင်းသည့်
လှေကားထောင့်ချိုးလေးမှာဖြစ်ပြီး
ဒုတိယအကြိမ်မှာtoilet ထဲက အထွက်
အတန်းရှိရာ သွားရမည့် လှေကားထောင့်ချိုးလေးတွင်ဖြစ်သည်။

၃ ကြိမ်တိတိ သူ့ဘက်ကပဲ ဝင်တိုက်ပြီး
၃ ကြိမ်လုံးလုံးလည်း မှတ်မိပုံမရသည့် လူကို
သူ့ဘက်ကတော့ ဘာလို့ စိတ်ထဲ အလိုလို
ထည့်မိပြီး သတိထားမိနေတတ်လဲ မသိခဲ့ပါ..။

စာသင်ချိန်မှာ.. အမြဲ ဖုန်းခိုးကြည့်တတ်သည့်၊
ဂိမ်းခိုးဆော့တတ်သည့် အပြုအမူတွေကို
လည်း ..ဘာလို့ အမြဲလိုက်ကြည့်နေမိလဲ
မသိခဲ့..။

အမြဲတမ်းလိုလို ပြုံးပျော်၍
သူ့သူငယ်ချင်းတွေကို
စနောက်နေတတ်သည့် မျက်နှာက
သူ့ရဲ့ စိတ်တွေ မကြည်မလင်
ဖြစ်နေခဲ့ရင်တောင်ပြေပျောက်စေနိုင်ခဲ့တာ ဖြစ်သည်..။

ဖေဖေ၏ တိုက်တွန်းမှုကြောင့် မတက်ချင်ဘဲ
တက်နေရသည့်ကျောင်းကို
တစ်ခါတလေမှသာ
စိတ်ပါလက်ပါ လာမိတဲ့အချိန်တိုင်းကလည်း ..
ထိုမျက်နှာကို မြင်ချင်တွေ့ချင်၍ပဲ ဖြစ်လာ၏။

သီးသီးသန့်သန့်သာနေတတ်သည့်
ဝေမှူးပိုင်က.. တိုက်ဆိုင်လာသည့်
အကြောင်းအရင်းတစ်ခုကို အသုံးချကာ.. 
သူစိမ်းတွေနဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့
ဖွင့်ပြောခဲ့ရခြင်း သည်လည်း..
လွှမ်းသုတကြောင့်ပင်ဖြစ်လေသည်။

RO ( ရို ) (Completed)Where stories live. Discover now