Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၉.၅)
တစ်ပတ်ကျော်လာ၍ ထောင်ထဲ၌ Baz အမျိုးမျိုးပြဿနာရှာသည်။ ထောင်ရဲ့နံရံတွေကို ပိတ်ထိုးတာမျိုး၊ မွေ့ရာ၊ခေါင်းအုံးတွေနဲ့ လူဝင်မရအောင်ပိတ်ထားတာမျိုး၊ ပန်းကန်တွေကို ခွဲပြီး မွေ့ရာနဲ့ခေါင်းအုံးကို ဖောက်ထားတယမျိုး၊ ဝိုင်တွေ တစ်ပုလင်းပြီး တစ်ပုလင်းဖောက်ကာ ချော်လဲစေတာမျိုး..စသည်တို့ကို တစ်နေ့တစ်မျိုးမရိုးရအောင် လုပ်သည်။ ဘယ်လောက်ပြဿနာရှာရှာ ရဲမပြောနှင့် စကားအပြန်အလှန်ပြောလို့ရမည့်လူ တစ်ယောက်မှကို မတွေ့ရချေ။
ယခုတော့ ဈေးအကြီးဆုံး ဝိုင်နှစ်ပုလင်းကို ရိုက်ခွဲကာ မွေ့ရာပေါ်မှ အိပ်နေလေသည်။
" ဝမ်းကွဲလေးကို သွားမကြည့်တော့ဘူးလား Mr.Baz "
အသံကြား၍ Baz မျက်လုံးဖွင့်ကာကြည့်လိုက်သည်။
" ဟာ Leo မင်းကလဲ အခုမှပဲ ပေါ်လာတော့တယ်နော် ငါကဒီမှာ ငြီးငွေ့လွန်းလို့ သတ်သေမိတော့မယ် "
" ငါ့ကောင်ကြီး ထောင်ထဲမှာပျော်နေတယ် ထင်တယ်..နည်းနည်းတောင်ပြည့်လာသလားလို့ "
" အေးလေ တအားစိတ်ချမ်းသာနေတာ ထောင်မဖောက်ရုံတစ်မယ်ပဲ "
Bazရွဲ့ပြောလိုက်သည်။ ဘယ့်နှယ့် ဘယ်လိုများပျော်နိုင်ပါမလဲ။
" မင်းပြေးချင်ရင် ပြေးလို့ရပါတယ်ကွာ။ မင်းထောင်ဖောက်ပြေးလဲ ဘယ်ကောင်မှ လာမဖမ်းနိုင်ဘူး "
Leo Bazဖွထားသည့် ပုလင်းကွဲတွေကို တံမြတ်စည်းဖြင့် လှဲနေရင်းပြောလိုက်သည်။
" ဟား..ဟား သမ္မတရဲ့သားက ထောင်ဖောက်ဖို့ လမ်းညွှန်နေတယ်။ ကြားလို့မှ ကောင်းရဲ့လား..ဟား..ဟား "
ဟုတ်သည်။ Leoသည် သမ္မတရဲ့သားဖြစ်ပြီး ဒီနိုင်ငံရဲ့ သမ္မတသည် Maxiyo၏လက်အောက်ခံဖြစ်လေသည်။
" စကားလမ်းကြောင်းကိုလွှဲတယ်။ ငါ့ကို ကိုကိုလို့ခေါ်လိုက် မင်းထောင်ဖောက်စရာတောင်မလိုဘူး"
" ဟင့်အင်း..အပြင်မထွက်ချင်တော့ဘူး။ ထောင်ထဲမှာပဲနေမယ် ဟား..ဟား "

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...