4.8

374 45 5
                                    

Unicode

ဂျီနာ.........အစ်မ ဒီဆိုင်က မုန့်တွေက တော်တော်စားကောင်းတာပဲ ရော့ အစ်မရောစားကြည့်.........

ဂျီအန်း........ အော စားကောင်းတယ်ဆို အများကြီးစား မင်းကော စားလေ.........

ဂျီနာ့ကို စကားပြန်ပြောရင်း အရှေ့က ဂီထက်ကိုလဲမေးငေါ့ကာ မေးလိုက်ခြင်း

ဂျီအန်း........ပီးတော့ မင်းရဲ့ အကြံပေးမှုအတွက် ကျေးဇူး ငါ့အတွက်အတော်အသုံးဝင်တဲ့ အကြံပေးမှုပဲ........

ဂျီနာလေးကတော့ သူမ အစ်မ ဘာအတွက်
ဂီထက်ကိုကျေးဇူးတင်နေမှန်းမသိလို့ ယောင်ချာချာဖြစ်သွားပေမယ့် ဂီထက်ကတော့ နားလည်ဟန် ခေါင်းညိတ်ပြလေရဲ့

သူမ အတွက် ဂီထက် ဘာလို့ ကူညီပေးလဲ
ဆိုတာထက် ဒီအကြောင်းတွေဘယ်လိုသိနေလဲဆိုတာက ပိုစိတ်ဝင်စားဖို့ကောင်းနေသည်
ဒါပေမယ့်လည်း သူမကို အန္တရာယ်ပေးမယ့်သူ မဟုတ်ဘူးဆိုတာတော့ လုံးဝသေချာသည်လေ

သူမ တို့ အိမ်ပြန်ရောက်တာနဲ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခုက စောင့်မျှော်နေတော့သည်
သူမ အိပ်ခန်းထဲရောက်နေတဲ့ စက္ကူပုံးတစ်ခု
အိမ်တော်ထိန်းပြောပုံအရတော့ သူမ ဆီတစ်စုံတစ်ယောက်ကပို့ပေးလာတာတဲ့လေ

သူမ ချက်ချင်း ပုံးကိုဖွင့်ကြည့်တော့ စာဖိုင် တစ်ချို့နဲ့ မိန်းကလေးတွေကိုင်လေ့ရှိတဲ့ ဖုန်း
12 လုံးထည့်ထားတာကိုတွေ့လိုက်ရသည်

' ဝိုး host တို့များ မိုက်လိုက်တာ ဘာမှတောင်ပြောစရာမလိုလိုက်ဘူး တန်းသိပီးလုပ်ပေး
မယ့်သူနဲ့ ဒါ ဘယ်သူ လုပ် ပေးလဲရိပ်မိလား'

ရှောင်းပြောသလိုဘဲ ဘယ်သူဆိုတာ ဂျီအန်းရိပ်မိပါတယ် ဘာကြောင့်လုပ်ပေးလဲဆိုတာလဲသိတယ်
အခု ထုတ်ပြောဖို့က စောသေးတယ် လုပ်စရာတွေ ရှိသေးတယ်

သူမ ဖိုင်တွေကို တစ်ခုချင်းစီ ထုတ်ဖတ်ကြည့်တော့ ဟို လူ သတ်ခြင်းခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့ အကြောင်းနဲ့ဘယ်လို သတ်ခံခဲ့ရတယ်
ဆိုတာတွေကိုဖော်ပြထားတာပင်
ဒါတွေက ဂျီအန်း ရှာဖွှေမယ်ဆိုရင် ရလောက်ပေမယ့်
တစ်ယောက်သောသူက ရဲတွေပဲသိလောက်
မယ့် ကိစ္စတွေကို ဒီလို ရှာဖွှေလာပေးတယ်ဆိုတော့ ဘယ်လောက်တောင် လက်တံရှည်လဲ တွေးကြည့်လို့ရသည်လေ
ဂျီအန်း ပင်ပန်းမှာစိုးလို့ လုပ်ပေးသည်ဆိုတော့လည်း လက်ခံရတာပေါ့

villain systemWhere stories live. Discover now