𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》

7.5K 1.1K 12
                                    

My Cherry Will Explode in the Apocalypse

Chapter 6

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ကျန်နေသေးသည့်အသီးအရွက်များ အကုန်ရောင်းပြီးနောက် စုရွေ့ကျယ် သူ့လှည်းကိုဆွဲကာ ချန်ဟွေ့ကျန်းနောက်လိုက်သွားခဲ့၏။

စုရွေ့ကျယ်၏ ခံစားချက်များသည် ယခင်သူ့ဦးလေး၏ အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်းပါသောအိမ်သို့ရောက်ခဲ့ချိန်ကနှင့် လုံး၀ကိုခြားနားနေခဲ့ပြီဖြစ်ချေသည်။

"ရှောင်ကျယ် ၀င်လာခဲ့ ထိုင်လေ "

ချန်ဟွေ့ကျန်းသည် အားရပါးရနှင့် စုရွေ့ကျယ်အား ဆိုဖာပေါ်သို့ဆွဲကာ ထိုင်စေလိုက်သည်။ ထို့နောက် မီးဖိုထဲသို့သွားကာ ဈေးထဲ၌ နာမည်အကြီးဆုံးတံဆိပ်များဖြစ်သည့် သောက်စရာနှင့် မုန့်များယူလာခဲ့လေသည်။

"မင်းစားပြီး အရင်ဆုံး TV ကြည့်နေအုံး။ မင်းအဒေါ်က ချက်လိုက်အုံးမယ်။ ကြည့်စမ်းပါအုံး မင်းဘယ်လောက်ပိန်တဲ့ ကလေးဖြစ်နေပြီလဲ! မင်းဒီည ညစာကောင်းကောင်းစားရမယ်"

ထိုအကြောင်းကိုကြားလိုက်ရသည်နှင့် စုရွေ့ကျယ်၏ မူလအစီအစဉ်ဖြစ်သော ဆုံးဖြတ်ချက်မြန်မြန်လုပ်ရန်ကို ချက်ချင်းပင် အကွာအဝေး ၁၈၀,၀၀၀ မိုင်လောက်ထိ လွှင့်ပစ်လိုက်လေ၏။ သူလုံလောက်သည်အထိ စားပြီးချိန်အထိစောင့်ရမည်။

【A/N ; ငါတို့ MCက သူဆန္ဒရှိချိန်ဆို အရှက်မရှိလည်းလုပ်နိုင်တယ် xD】

ဆင်းရဲတဲ့လူငယ်အကောင်းစားလေးဟာ အရင်အတိတ်ဘ၀ကပြန်လာခဲ့ပြီးနောက် ထိုသို့သော လောဘတကြီးအမူအကျင့်လေး ရောက်ရှိလာခဲ့ပေသည်။

ကျွန်တော့ဦးလေးက ညစာစားရန် ပြန်လာခဲ့ပြီး ကျွန်တော့အဒေါ်စားစရာများကို စားပွဲသို့ယူလာခဲ့ချိန်တွင် တံခါးပွင့်လာလေသည်။ စုရွေ့ကျယ် ဆိုဖာ၌ထိုင်နေသည်ကို တွေ့လိုက်ရချိန်တွင် သူတစ်ခဏမျှ မှင်သက်သွားပြီး ခြောက်ကပ်စွာပြောလာခဲ့၏။

"ရှောင်ကျယ်လား ? "

"ကောင်းသောနေ့ပါ ဦးလေး"

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now