(Uni)
.
.
.
အား.....ဟူး...။
အိမ်တော်ကိုပြန်မအိပ်ပဲ ရော်ရွက်ဝါ ဆီသို့လာကာ အိပ်တဲ့အမ်းဒီမဟာ မနက်လင်းတော့ နိုးထလာခဲ့သည်
အပေါ်ပိုင်းဗလာနဲ့ ဝတ်ထားတဲ့ဘောင်းဘီအနက်အရှည်ဟာလဲ ရော့တိရော့ရွဲဖြစ်ကာ ဇစ်ပြုတ်နေပါသည်
ဟင်....ငါဘယ်ရောက်နေတာလဲ ။
မောင်နိုးလာပြီလား...။
ဟာ...မ မောင်မနဲ့အိပ်ခဲ့တာလား။
အင်းလေ မပြောမဆိုနဲ့ရောက်လာပြီးတော့ မောင်ဘာလို့အဲ့လောက်သောက်ရတာလဲ ရော့..ရေလေးသောက်လိုက်အုံး။
အင်းကျေးဇူး...မောင်ညကပွဲတခုတက်လို့ နူတ်ဆက်ကြရင်းသောက်ဖြစ်တာ တော်သေးတယ် အိမ်တော်ကိုမပြန်ဖြစ်လို့ မဟုတ်ရင် ဟိုမိန်းမနဲ့မောင် မဖြစ်သင့်တာတွေဖြစ်ကုန်မှာ
မဖြစ်နေလို့တော်သေးတယ် လာပါအုံး မောင့်ဆီ။
မဟုတ်ဘူးမောင်...ညက မတို့ ...။
တီ...တီ..တီ..
ရုတ်တရက် မြည်လာတဲ့အမ်းဒီမဟာရဲ့ဖုန်း
ကျစ်...ဟိုမိန်းမ။
ကိုင်လိုက်ပါ မောင်ရဲ့ စိတ်ပူနေမှာပေါ့ ။
မကိုင်ဘူး...မောင်ပြန်တော့မယ် ဦးထင်အခန်းထဲအဝတ်လဲလိုက်အုံးမှ မောင်သွားပြီနော် မ မွ။
သူဟာထိုအတိုင်း ဦးထင်အခန်းဆီထွက်သွားလေသည်
*မောင်ကတော့ပေါက်ကရတွေထင်နေပြန်ပီ ...ရှင်းမရပြုမရနဲ့..ဟူး...*
.................
အချစ်...ဒါဘာသဘောလဲ။
ဘာလဲ...ဘာကိုလဲ။
အိမ်တော်သို့ရောက်ရောက်ခြင်း ပန်ပန်ဟာဧည့်ခန်း၌ထိုင်ကာ သူ့အားမေးလိုက်ပါသည်
ပန်ကအချစ်မိန်းမနော် တခြားမိန်းမနဲ့သွားအိပ်တာ အဲ့တာဖောက်ပြန်တာပဲ..။
ဟက်...ငါဖောက်ပြန်တော့ရော မင်းကဘာလုပ်ချင်လဲ... အဲ့လိုမခံစားနိုင်ရင် အစထဲက တွယ်ကပ်မနေနဲ့လေ ။
ဘာ....။
နားငြီးတယ်...ငါ့ကိုအာရုံလာမစားနဲ့ မင်းလဲနေချင်သလိုနေ ငါလဲ လုပ်ချင်တာလုပ်မယ် မင်းပါးစပ်ကိုပိတ်ထား။
BẠN ĐANG ĐỌC
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)