Chapter 207 to 210 (U)

2.2K 306 3
                                    

Chapter 207
{ လူငယ်ဒါရိုက်တာနှင့် တွေ့ဆုံခြင်း - ၃ }

ရီကျန်းသည် ဝတ္ထုထဲမှ နန်ယန်၏ရုပ်ရှင်အကြောင်းကို ပြန်လည်စဥ်းစားလိုက်ချေတယ်... ဝတ္ထုထဲတွင် နန်ယန်၏ရုပ်ရှင်၌ မိန့်ကျဲမှလွဲ၍ ကျန်သောသရုပ်ဆောင်များမှ နာမည်ကြီးများ မဟုတ်ကြပေ... နန်ယန်ဟာ ရုပ်ရှင်အတွက် သရုပ်ဆောင်လုံလောက်ရန် နှစ်လကျော်မျှ ရှာဖွေခဲ့ရလေသည်... နန်ယန်သည် သူ့ရုပ်ရှင်တွင် ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းမွန်လှသောနာမည်ကြီးများကို သုံးရန် ငွေကြေးမလောက်ငှရုံသာမက သူတို့အားလုံးဟာ နန်ယန်၏ဇာတ်ညွှန်းကို ချက်ချင်းငြင်းပယ်ခဲ့ကြသေး၏... သို့သော် ကံကောင်းစွာနှင့်ပင် သူငှားရမ်းခဲ့သောနာမည်သိပ်မရသေးသောသရုပ်ဆောင်များမှာ သရုပ်ဆောင်ကောင်းမွန်နေကြချေသည်...

ဝတ္ထုထဲတွင် နန်ယန်သည် ရင်းနှီးမြုပ်နှံ့သူ ရှာမတွေ့သည့်အတွက် ရိုက်ရက်ကို ခဏခဏရွှေ့ဆိုင်းရတော့တယ်... နောက်ဆုံးတွင်တော့ နန်ယန်ဟာ  သူစုဆောင်းထားသမျှအားလုံးကို ထုတ်သုံးရတော့၏... စုဆောင်းထားသမျှအားလုံးသည်လည်း အပြင်အဆင်ထဲတွင်သာရောက်နေတာကြောင့် သရုပ်ဆောင်နှင့်ရိုက်ကူးရေးအဖွဲ့တို့အတွက် ငွေကြေးမလုံလောက်ပြန်... ထိုသို့သော မလုံလောက်မှုများကြောင့် နန်ယန်သည် သူအရမ်းရိုက်ကူးချင်သည် ခမ်းနားထည်ဝါသည့်အပြင်အဆင်တို့ကို မရိုက်ကူးခဲ့ရချေ...

ရိုက်ကူးရေးပြီးသွားသည့်နောက်တွင်လည်း နန်ယန်သည် သူ့ရုပ်ရှင်အတွက် သုံးသပ်ချက်(ထုတ်လုပ်ခွင့်လိုင်စင် ဒါမှမဟုတ် ပြသခွင့်လိုင်စင်) ရ မလာမည်ကို စိုးရိမ်ရပြန်သည်... သူ့တွင် ကောင်းမွန်သော​ကျောထောက်နောက်ခံမရှိတာကြောင့် ရုပ်ရှင်အတွက်လိုင်စင်ရရန် တစ်နှစ်ခွဲနီးပါးစောင့်ခဲ့သော်ငြား ဘာမှထူးမလာခဲ့ပေ...

နန်ယန်သည် ဒေဝါလီခံရလုနီးပါးထိဖြစ်သွားခဲ့တာကြောင့် သူ့ရုပ်ရှင်ကို ရုပ်ရှင်ပြသသည့်အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုတွင် စျေးချိုချိုဖြင့် ပြန်လည်ရောင်းချခဲ့ရလေသည်... နန်ယန်ရဲ့ရုပ်ရှင်သည် ထိုဝက်ဘ်ဆိုဒ်ပေါ်တွင် ကောင်းမွန်သောမှတ်ချက်တချို့ရရှိခဲ့သော်လည်း အားပေးသူမှာ နည်းပါးနေဆဲပင်... ထိုအခြေအနေတွင် နန်ယန်သည် သူ့ရုပ်ရှင်အား နာမည်ကြီးနိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုတွင် တင်ပြလိုက်လေတယ်... ထိုပွဲတော်တွင် နန်ယန်ရဲ့ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆုရရှိသွားခဲ့ပြီး သူသည်လည်း နေ့ချင်းညချင်း နာမည်ကြီးသွားတော့၏...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now