Chapter 121

23.7K 3.4K 182
                                    

Unicode

ကျန်းမော့ချန် Golden Deer ဆုပေးပွဲမှာ စကာတင်ဝင်လို့ နိုင်ငံခြားသွားရပြီ၊ ဝေ့လန် ယန်းချင်းချီဆီရောက်ချလာတယ်
__________________________________

''ဒါရိုက်တာဖုက ကျေးဇူးတင်တဲ့အနေနဲ့ ချီချီ့ကိုလက်ဆောင်​ပေးလိုက်တာ '' ယန်းချင်းချီပြန်ဖြေလိုက်သည်။

''ချီချီ့ကိုကျေးဇူးတင်တယ်? ''

''အင်း ဟိုတလောကယန်ယန့်မွေးနေ့ပွဲ လုပ်လိုက်သေးတယ်မလား ချီချီကမွေးနေ့လက်ဆောင်အဖြစ် သူဆွဲထားတဲ့ပုံတွေနဲ့ ဝက်ဝံရုပ်ကြီးပေးတယ်လေ ဒါရိုက်တာဖုလည်းအဲ့နေ့က မွေးနေ့ပွဲမှာရှိနေတာ ချီချီကဒါရိုက်တာဖုဆီ တိတ်တိတ်လေးသွားပြီး ယန်ယန့်အတွက် အရုပ်တွေများများဝယ်ပေးနိုင်ဖို့မျှော်လင့်တယ်လို့ သွားပြောတယ်တဲ့ အဲ့ဒါ သတိပေးလို့ကျေးဇူးတင်တဲ့အနေနဲ့ ယန်ယန့်အတွက်ဝယ်ပေးရင်း ချီချီ့အတွက်ပါပိုဝယ်လိုက်တာတဲ့ ''

ယန်းချင်းချီပြောနေရင်း ရယ်မိသွားသည်။

''အဲ့ကလေးတွေက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အချင်းချင်း စိတ်ပူပေးလိုက်ကြတာ ယန်ယန့်ကကျွန်တော့်ဆီလာပြီး ချီချီ့အကြောင်းတိုးတိုးလေးဆွေးနွေးသွားတယ် ချီချီကကျ ဒါရိုက်တာဖုဆီသွားပြီး ယန်ယန့်ကိုအရုပ်ပိုဝယ်ပေးဖို့သွားတောင်းဆိုတယ် '' ယန်းချင်းချီ ကျန်းမော့ချန်ကို လှည့်ကြည့်ရင်း '' တော်တော်လေး ချစ်ဖို့ကောင်းကြတယ် ''

''ကလေးတွေက မိဘအသင်အပြတော်သရွေ့ ချစ်ဖို့ကောင်းကြပါတယ် တကယ်တော့ ကိုယ်တို့မိသားစုမှာ မင်းကမဏ္ဍိုင်ပဲ ကိုယ်ချီချီ့ကိုမွေးစားခါစက ကလေးကကိုယ်နဲ့နေရတာပျော်မှပျော်ရဲ့လား၊ ကိုယ်ကောင်းကောင်းမွန်မွန်သင်ပြပေးနိုင်ပါ့မလားဆိုပြီး အမြဲစိတ်ပူနေခဲ့ရတာ နောက်ပိုင်းမင်းရောက်လာမှ ချီချီကပိုရယ်ပြီး ပိုတက်ကြွလာတယ် ''

''အဲ့လိုလည်းပြောလို့မရဘူးလေ ခင်ဗျားသူ့ကို မိဘမဲ့ဂေဟာကနေခေါ်ထုတ်လာခဲ့တယ်မလား သူ့အတွက်ကတော့ အဲ့အချက်နဲ့တင်အနှိုင်းမဲ့ပျော်ရွှင်နေပါပြီ မိဘမဲ့ဂေဟာမှာနေရတဲ့ကလေးတိုင်းက ကိုယ်ပိုင်အိမ်လေးပိုင်ဆိုင်နိုင်ကြတာမဟုတ်ဘူး သူတို့မှာကိုယ်ပိုင်မိသားစုလေးရှိနေတယ်ဆိုတဲ့အသိနဲ့တင် တော်တော်ကြီးလုံလောက်သွားပြီ '' ယန်းချင်းချီ သူ့အတွေးအစစ်တွေကို ချပြမိသွားသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now