အခန်း ၆ အပိုင်း ၂

4.5K 555 12
                                    


ချင်းကျင်းက အခြေအနေတွေ အားလုံးကို ကြိုတင်ပြင်ဆင်ထားပေမယ့် ဒိလို ထိတ်လန့်စရာကိုတော့ မတွေးမိခဲ့ တော်တော်ကြာတိတ်နေခဲ့တာနဲ့ ယောင်ယောင်က "ချင်းကျင်း ရှင် နားထောင်နေလား?"

သူမ အသံက မပျော်တော့သလိုပင် ချင်းကျင်း ချက်ချင်း ခုံပေါ်က ထရပ်ကာ ပြတင်းပေါက်ရှေ့ကိုသွားပြီး "နားထောင်နေပါတယ်"

"ချင်းကျင်း မနက်ဖန် ဒိတ်လုပ်ရအောင်"

တဖက်က ယောင်ယောင်က ထိုစကားကိုပဲ သာမန်လို ထပ်ပြောလာသည်။ ချင်းကျင်းက တဖက်က ဖုန်းကိုကိုင်ကာ တဖက်က ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ မြို့တော်ကို တောက်ပတဲ့အလင်းရောင်တွေ ဖြာကျနေတာကိုက အိမ်မက်ဆန်နေသလိုပင်

သူလည်း စနောက်သလိုနဲ့ "အိုခေ ကိုယ်ကတော့ ငြင်းစရာမရှိပါဘူး မင်း ကိုယ့်ကိုနောက်နေမှာပဲ စိုးတာ"

"ဘာလို့ နောက်ရမှာလဲ " ယောင်ယောင်က အိပ်ရာပေါ်က ထထိုင်ကာ "ဘယ်သူ့ကိုနောက်နောက် နင်တော့ သေချာပေါက်မဟုတ်ဘူး"

ချင်းကျင်းက သူမပြောတာကို သိပ်အလေးအနက်မထားလိုက်ဘဲ ခေါင်းစဉ်ပြောင်းလိုက်သည်။ "အာ့ဆို ဘယ်ချိန်လာတွေ့စေချင်လဲ"

ယောင်ယောင်က ခနလောက်တွေးလိုက်ပြီးမှ "မနက်ခင်းပဲ လာခဲ့ချေ"

"အင်း" ချင်းကျင်းက သူ့သူငယ်ချင်းရဲ့ ရယ်ချင်နေတဲ့အကြည့်ကို လျစ်လျုရှုကာ "အာ့ဆို အရင်ဖုန်းချလိုက်တော့မယ် အလုပ်နည်းနည်းရှုပ်နေလို့"

"အိုခေ မနက်ဖန် တွေ့မယ်"

"မနက်ဖန် တွေ့မယ်"

သူပြောပြီးတာနဲ့ တဖက်က ဖုန်းချသွားပြီပင် ဒါကယောင်ယောင် အမိန့်ပင် သူမ ဖုန်းချပြီးမှ သူဖုန်းချရမည်။ အထူး အာဏာပေါ့လေ

ယွမ်စီနန်က လက်ပိုက်ကာ လှောင်သလိုနဲ့ "တချို့လူတွေများ ဘယ်သူတွေရှေ့မှာ နေနေမှန်း မသိ ပြောချင်ရာပြောနေလိုက်ကြတာ အဲ့လိုလူတွေက ငတုံးတွေဆိုတာ မင်းတို့သိလား?"

ချင်းကျင်းက သူ့ကို အာရုံမစိုက် ခုံမှာပြန်ထိုင်ကာ "ဒီနေ့ အစည်းအဝေးက ဒီလောက်ပဲ အင်္ဂါနေ့ မနက်ကျ အကုန်အပြီးသတ်ထားတာ လိုချင်တယ် ကောင်းပြီ အစည်းအဝေး အဆုံးသတ်မယ်"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now