Uni
" 📩မောင် တိုင်ပင်စရာရှိလို့ ခဏ လာခဲ့အုန်း "
"📩မောင် golf ရိုက်ပြီးအပြန်ဝင်ခဲ့မယ် "
ရွှေဘုန်း holiday တိုင်း ကျန်းမာရေးအတွက်ကော လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောလို့ရအောင် golf ကွင်းသွားတတ်သည်။ ခေတ်ကို ခေါ်သွားချင်ပေမယ့်သူက ဝါသနာမပါ။ သူ့က gym ပဲပုံမှန်ဆော့သည်။ holiday တိုင်းရေကူးကန် သွားသည်။ အခု ရွှေဘုန်းက အပြင်ရေကန်သွားဖို့ပိတ်ထား၏။ ခေတ်ရဲ့ အပေါ်ပိုင်း အလှကို အူတိုတာကြောင့်ပါ ။ ရွှေဘုန်းအိမ်က ရေကူးကန်မှာပဲ ရေလိုက်ကူးရသည်။ holiday တိုင်း ရွှေဘုန်း က ခေတ် ကို လာခေါ်ကာ အိမ်ရေကူးကန်မှာ သူ့မျက်စေ့ရှေ့စိတ်ကြိုက်ကူးခိုင်းသည်။ ရွှေဘုန်းရဲ့အူတိုမှု့က တော့လက်ဖျားခါလောက်၏။ရွှေဘုန်းနဲ့အတူ ခန့်မင်းနဲ့အဏ္ဏဝါ ပါ golf ကွင်း ပါလာကြသည်။
"ဟောင့်တန်ခိုး ငါတို့ ဒါပြီးရင် bar သွားရအောင် ၊ မသွားတာကြာပြီ"
"မရဘူးကွ ခေတ်လေး က မျှော်နေလိမ့်မယ် message ပို့ထားတယ် "
"ပိုကို ပိုတယ်ကွာ "
ခန့်မင်းကပါဝင်ပြောလာသည်။
"ဟုတ်တယ်တန်ခိုး မင်း ဟာကလည်း ယူမှာဖြစ်လည်း အပိုင်သိမ်းတော့"
"အခုတော့ကွာ "
"ခန့်မင်းရ ငါကယူချင်လို့ တပိုင်းသေနေပြီ ငါ့ကောင်ရေ"
"ခေတ်လေး ကို ဇွတ်မပြောချင်လို့
သူ့ မိဘတွေကို အသိပေးဖို့ ဝန်လေးနေတာ""ဪ အဲ့လိုကြီးလား "
"မင်း မာမီ သွားပြောခိုင်း လိုက်လေ "
"ငါ့မာမီက သွားချင်နေတာ မနည်းတားထားရတယ် ငါ့ကောင်ရေ "
"........."
"ခေတ်မိသားစု ကိစ္စဆိုတော့ သူပဲဖြေရှင်းလိမ့်မယ် "
"အေး တော်ကြာ မင်း အဖိုးကြီးဖြစ်သွားမစိုးလို့ ကွ "
"တိတ်စမ်း ဖြစ်စရာလား"
ရွှေဘုန်းလည်း စဥ်းစားထားတာရှိတယ် လာမယ့် သူ့မွေးနေ့မှာ ခေတ်ကို လက်ထပ်ခွင့်တောင်းဖို့ ။ ဒါမှ ခေတ်လည်း သူ့မိဘတွေကို ပြောဖို့ အားတက်သွားမှာလေ ။ လက်ထပ်ဖို့ကိစ္စစဥ်းစားလိုက်ရင် စိတ်မောတယ် ခေတ်လေးရေ။
မောင်က ဇွတ်လုပ်ရင်လည်း ခေတ်လေး စိတ်ပင်ပန်းမှာ စိုးရိမ်ရသေးတယ်။ အချစ်စစ်မှန်ရင် တနေ့ အရာရာကိုကျော်ဖြတ်နိုင်မှာ ပါလို့ အားတင်းထားရတာပေါ့ မောင့်ခေတ်လေး ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး