KING(15)

10.9K 970 23
                                    

KING- 15

မှန်ကိုမှီလျက် အိပ်မောကျနေတဲ့မျက်နှာကိုကြည့်ပြီး ကားကိုစက်သပ်ရသည်။ ကားတစ်ဖက်ခြမ်းကို ဆင်းသွားလိုက်ပြီး Seat Belt ကိုတင်းတင်းဆုပ်ထားတဲ့ လက်တစ်ဖက်ကိုဖြုတ်ပေးဖို့ လက်လှမ်းနေတုန်း…

“ကိုဟန်စစ်သျှား”

အမှောင်ထဲကနေ အလင်းရောင်အောက်ကို တဖြည်းဖြည်းလှမ်းလာတဲ့လူက ဟန်စစ်နဲ့ငါးလှမ်းအကွာမှာ ရုပ်လုံးပေါ် လာသည်။ ပုခုံးတစ်ဖက်ပေါ်က လျော့တိလျော့ရဲကျောပိုးအိတ်ကို ပစ်ချပြီး ဟန်စစ်ရှေ့ကိုရှေ့ကိုရောက်လာတာ လျင်လျင်မြန်မြန်။

“King ကအိပ်ပျော်နေတာလား”

ရှေ့ထပ်တိုးဖို့လုပ်ပေမယ့် ဟန်စစ်ကျောနဲ့ကွယ်ထားမိသည်။

“ဖယ် ဖယ် မနှိုးနဲ့။ ကျွန်တော်ချီလိုက်မယ်”

ဟန်စစ်ပုခုံးကိုဆွဲလှည့်ပြီး တွန်းဖယ်ဖို့ပြင်တဲ့လက်ကို ချုပ်ကိုင်လိုက်သည်။ အဏ္ဏဝါဇေယျက မျက်ခုံးတစ်ချက်ပင့်ပြီး ခပ်ဟဟရယ်၏။ အကြည့်တွေမလွှဲဖယ်ကြခင်မှာပဲ ကွေးအိပ်နေတဲ့လူက လှုပ်လှုပ်ရွရွဖြစ်လာသည်။

“ဘာဖြစ်...အဏ္ဏဝါ!”

“King”

ပီအိုက်သိသိသာသာ အတွန်းခံလိုက်ရပြီး အနောက်ရောက်သွားသည်။ အဏ္ဏဝါက Seat Belt ကိုဖြုတ်ပေးပြီး ကားပေါ်ကနေ King ကိုပွေ့ချပေးတော့မတက်။ King အိပ်ချင်မူးတူးနဲ့ အဏ္ဏဝါ့ရင်ဘတ်ကိုတွန်းထားပြီး ကိုယ်တိုင်ပဲကားပေါ် ကဆင်းလိုက်သည်။

“မင်းက ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ”

“အချစ်ပဲ ငါ့ကိုထားသွားပြီးတော့။ အချစ်ထားသွားတော့ ငါလိုက်လာတာပေါ့”

“တော်စမ်းပါကွာ။ အန်ချင်လာပြီ”

King အန်ချင်သလိုလုပ်ပြလိုက်တုန်း ရင်ဘတ်ထဲက အမှန်တကယ်ပျို့တက်လာသည်။

“ဘာ ဘာဖြစ်တာလဲ”

အဏ္ဏဝါက ကျောပြင်ကိုခပ်ဖွဖွပုတ်လာသည်။ ပီအိုက် အိမ်တံခါးသော့ ဖွင့်ပြီးတာနဲ့ အိမ်ထဲကို တရှိန်ထိုးပြေးသွားပြီး King ထမင်းစားခန်းဘေစင်မှာခေါင်းစိုက်သွားသည်။

KINGWhere stories live. Discover now