Chapter 9

7.8K 523 8
                                    

Hello kitty pajamas လေးဝတ်ထားရုံသာမက အိမ်စီးဖိနပ်အပေါ်ကအရုပ်လုံးလုံးလေးကလည်း Hello kitty ရုပ်လေးပင် Home Gym ရော ရှိမို့ ခန္ဓာကိုယ်ကောက်ကြောင်းကအစ ချစ်စဖွယ်အတိ ပင် ဆံပင်ရှည်တွေက မနက်က မှကောက်ထားတာမို့ ခပ်ပွပွလေးဖြစ်နေသေးသည်။ မနက်က သင်တန်းကပြန်လာတာနဲ့ရေမိုးချိုး Pajama လေးဝတ်ပြီး စိမ့်အိပ်လိုက်တာ ညနေ၅ နာရီလောက်မှပြန်နိုးလာသည်။နိုးနိုးခြင်း မေမေရှိရာ မီးဖိုချောင်ထဲတန်းလိုက်လာတာ

"မေမေ"

"အပြင်ပြန်ထွက် စိမ့်ရေ ညှော်နေတယ်လေ "

"ရပါတယ် စိမ့် မေမေ့ကို ဖက်ထားချင်လို့"

"မေမေ့ကိုယ်က ဟင်းနံ့တွေ ဖယ်ပေးအုံး"

မေမေ့ထက်အရပ်ကြီးရှည်လွန်းတဲ့ စိမ့်ကမေမေ့ပုခုံးပေါ် မေးလေးတင် လျှက်

"နန္ဒာရေ  ဒီနေ့ ဟယ်..!"

"ဘာလို့လဲ ဟင်ကြီးမြ"

"စိမ့် အနောက်မှာပေကျံနေတယ် ကလေး ဓမ္မတာ လာတာထင်တယ် နန္ဒာ"

စိမ့် ထိုအကြောင်းကိုကြားသိလိုက်ရတော့ အတော်လေးအံ့သြသွားမိသည်။ သူကမိန်းကလေး အစစ် မဟုတ်ဘဲ ဘာလို့ ဓမ္မတာ လာရမှာလဲ စိမ့်ကယောက်ျားလေးတစ်‌ေယာက်လေ ဒါမဖြစ်နိုင်ဘူး  သူတစ်နေရာရာမှာ ထိုင်မိခဲ့လို့ များလား

"သမီး အခန်းထဲပြန် မေမေ အနောက်ကလိုက်ခဲ့မယ်"

စိမ့်မေမေ့ကို မျက်လုံးချင်းစုံအောင်ကြည့်လိုက်မိသည်။မေမေ့ မျက်ဝန်းတွေကတုန်လှုပ်မှု အပြည့်ဖြင့် မဟုတ်လောက်ပါဘူး ဒါကအမှားကြီး

လှေကားပါ်တတ်ရင်း နဲ့ စိမ့် ဗိုက်က တဖြေးဖြေးအောင့်လာသလို ပေါင်ထဲသို့ အရာတစ်ခု စီးဆင်းသွားဟန်ရှိနေသည်။

စိမ့်ရေချိုးခန်းထဲဝင်ပြီး အောက်ပိုင်းကို အသေအချာစစ်ဆေးနေတုန်း သူအံ့သြထိတ်လန့်နေရတော့သည်။

^^

"ခင်ဗျားက ဘာလဲ  ခင်ဗျားကိုယ်ခင်ဗျား ဟုတ်လှပြီထင်နေတာလား"

"ကောင်းကင် မင်းပြောတာသိပ်တရားလွန်နေပြီ"

"ကျွန်တော့်ကိစ္စတွေ ထဲဝင်မပါနဲ့ ဖေဖေ ကိုယ်တိုင်က ကျွန်တော့်အတွက်လက်ခံပေးထားတာ လိုတာ ထက်ပိုမလာနဲ့ "

I am not girl(Complete)Where stories live. Discover now