KING(20)

11.9K 964 11
                                    


KING- 20

မြက်ခင်းပြင်ကျယ်ကို ဖြတ်သန်းတိုက်ခတ်လာသည့်လေက စိုစွတ်မှုတို့ပါဝင်နေသည်။ ရေညှိတက်နေတဲ့ အုတ်နံရံတွေကတော့ ဆေးရောင်ပြယ်ချင်နေတဲ့ခုံတွေနဲ့ ပနံသင့်သည်။ အားကစားကွင်းကျယ်ကြီးရဲ့ လျှောက်လမ်းတစ်ခုလုံး King ခြေသံသာ ပေါ်ထွက်နေ၏။ ရုံးဖွင့်ရက်၊ ကျောင်းဖွင့်ရက်ဆိုတော့ training ဆင်းကြသူတွေလည်း ရှိပုံမပေါ်။ ကြိမ်ဖန်များစွာလျှောက်ဖူးတဲ့လမ်းက ရင်းနှီးတဲ့အငွေ့အသက်ကြောင့် လူကလွန်ခဲ့တဲ့ဆယ်နှစ်ကိုပဲ ပြန်ရောက်သွားသလိုလို။

“Mr.King ဒီဘက်”

ခေါ်သံကြားလို့ နောက်လှည့်ကြည့်တော့ ဆရာဦးကျော်ဝင်းဖြစ်နေသည်။

“Mr.King မြင်မယ်ထင်လို့ ကျွန်တော်ကြည့်နေသေးတယ်။ ကျော်သွားတာနဲ့ ထွက်ခေါ်လိုက်တာ”

အတွေးလွန်ပြီး အခန်းကျော်သွားကြောင်း King မပြောမိတော့။

“ကျွန်တော်လည်း မရောက်တာကြာလို့ အခန်းကျော်သွားတာ”

ဆရာဦးကျော်ဝင်းက King လက်ကို လှမ်းဆွဲကာ ဟောခန်းကျယ်ထဲဆွဲခေါ်သည်။

“ဒီ အခန်းထဲမှာပဲ King။ အထဲကြွပါ”

တံခါးချပ်ဖွင့်ဝင်လိုက်တဲ့အခန်းမှာ လူတွေပြည့်လုနီးဖြစ်တာကြောင့် King အံ့ဩသွားသည်။ အသံလုံအခန်းကျယ်ကြောင့် King လမ်းလျှောက်လာတုန်းက တိတ်ဆိတ်နေခဲ့ခြင်းပင်။

“၂၀၁၉ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် Sea Game ပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမားရွေးနေတာ King။ အခုက ပဏာမအဆင့်ပဲရှိသေးတော့ လူနည်းသေးတယ်ပြောရမယ်။ ကလေးမိဘတွေနဲ့ နည်းပြတွေလောက်ပဲ။ အားကစားရုပ်သံလိုင်းက interviewer တွေရောက်နေလို့ လူများသလိုဖြစ်သွားတာ”

အသံကြိတ်ကြိတ်နဲ့ပြောနေသည့် ဦးကျော်ဝင်းစကားကို King အာရုံစိုက်၍နားထောင်ရသည်။ ဝီစီမှုတ်သံနောက်မှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ နာမည်တစ်ခုကြေညာသံကြားလိုက်ပြီး ပြိုင်ပွဲဝင်ကလေးတွေ စတင်ယှဉ်ပြိုင်နေပြီဖြစ်သည်။ မီဒီယာသမားတွေနဲ့ ရိုက်ကွင်း Setting ချထားပုံရတာကြောင့် မြင်ကွင်းကကွယ်သည်။ ပွဲကြည့်စင်ပေါ် တက်သွားသည့် ဆရာဦးကျော်ဝင်းနောက်လိုက်တက်နေပေမယ့် King မျက်လုံးတွေက ပြိုင်ပွဲနေရာမှာ ကပ်ကျန်နေဆဲ။

KINGWhere stories live. Discover now