8 [ Z + U ]

2.7K 250 39
                                    

Taehyung ပွဲသို့ ရောက်နေရာမှ မထင်မှတ်ဘဲ သူ့အားတွေ့လိုက်ရသည်.....
Suit နက်ပြာရောင်နှင့် ခန့်ညားနေလျက်......
သို့သော် အနားတွင်တော့ နီညိုရောင်ဝတ်စုံဖြင့် လက်မောင်းကိုတွဲလျက် ယှဉ်တွဲလျှောက်လာသော အမျိုးသမီးတစ်ဦး......
ဒါ သူချစ်တဲ့သူပဲဖြစ်မှာပေါ့.....
မမြင်ချင်ယောင်ဆောင်လျက် နေသည့်ကြားမှ သူ့အား တွေ့ဖြစ်အောင်တွေ့သွားသေးသည်.....
တစ်ချက်မျှ သူ့အားကြည့်ပီးနောက် တစ်ဘက်သို့ လှည့်ကာ ဧည့်သည်များနှင့် စကားပြောနေလိုက်၏။
သိပ်မကြာ တစ်ဘက်သို့ ထွက်သွားသောသူ......
သူ့ကျောပြင်လေးအား Taehyung မရည်ရွယ်ပါဘဲ ငေးကြည့်နေမိသည်.....
သူချစ်တဲ့သူနားမှာပဲ ရှိမှာပေါ့ ငါက ဘာမို့လို့......
အမျိုးအမည်မသိသော ခံစားချက်နှင့်အတူ ဝိုင်ခွက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်.....
အရင်စိတ်နဲ့ဆို ပစ်ပေါက်မိမှာဖြစ်ပေမယ့် ခုရောက်နေသည့်နေရာက ပွဲတစ်ခု......
ခပ်လှမ်းလှမ်းတွင် ရပ်နေသော Yoon Lay ကတော့ ဟိုအတွဲအား ကြည့်လိုက် သူ့သခင်လေးအား ကြည့်လိုက်နှင့် ဗျာများနေသည်......










" မင်းလား Kim Taehyung ဆိုတာ...... "







အနားသို့ ရောက်လာသော မျက်နှာစိမ်းလူတစ်ယောက်ကြောင့် Taehyung မျက်မှောင်ကျုတ်လျက် ပြန်ကြည့်မိသည်....
သူကြည့်နေဆဲ ထိုလူမျက်နှာပေါ်တွင် ဖြစ်တည်လာသည်က ခပ်ယဲ့ယဲ့အပြုံးတစ်ချို့.....
မျက်လုံးများ စူးရှလျက်.....
ဘာလို့ ယောကျာ်းတွေက ငါ့ကိုမြင်ရင် စူးစူးစိုက်ကြည့်ကြတာလဲဟင်......
Taehyung စိတ်ထဲမှ အတွေးနှင့်အတူ ဟန်ဆောင်လျက် ပြန်လည်ပြုံးပြလိုက်ရသည်.....
ခက်သည်က ဒီလူကို သူတစ်ခါမှမမြင်ဖူး.....







" ဟုပါတယ် ကျွန်တော် Kim Taehyung ပါ.... ခင်ဗျားက..... "
" ကိုကလား အင်းမ် မင်းသိအောင်ပြောရမယ်ဆိုရင် ဒီပွဲရဲ့ အဓိကလူပဲ..... "
" ဟင်..... အာ့ဆို အဖေတို့နဲ့လက်တွဲမယ်ဆိုတဲ့ D Group က..... "
" ဟုတယ် ကိုက D Group ရဲ့ ပိုင်ရှင် Min Yoongi ပါ..... မင်းနဲ့တွေ့ရတာ ၀မ်းသာပါတယ် တွေ့ချင်နေခဲ့တာ...... "
" ဗျာ...... "







တွေ့ရတာဝမ်းသာပါတယ် ရဲ့ နောက်ဆက်တွဲစကားကြောင့် Taehyung ဘာဆက်ပြောလို့ ပြောရမည်မှန်းမသိ.....
တွေ့ချင်နေခဲ့တယ် ဟုလား ငါ့ကိုလေ သူက ဘာမို့လို့......
သို့ပေမယ့် အာဏာကြီးပုံရသော ထိုလူနှင့် အလိုက်သင့်နေရန်သာ ဆုံးဖြတ်ထားရသည်.....
လက်တွဲမယ့် သူပေပဲ ရိုင်းရိုင်းဆက်ဆံရင် သိက္ခာကျရုံပဲရှိမှာ.....








VICTORIA[ COMPLETED ]Where stories live. Discover now