Chapter 18

2.9K 571 6
                                    

Uni

နန်ဟွိုင်လင် မြေအောက်ရထားဆီကို ပြန်ပြီးလမ်းလျှောက်လာနေပေမယ့် အခုထက်ထိ ဒီလို မရေမရာအခြေအနေကြီးပေါ်ကို မယုံကြည်နိုင်သေးဘူး။ ဒါကြောင့် သူ့ရဲ့ပေါင်ကို အားပြင်းပြင်းနဲ့ ဆွဲလိမ်ကြည့်လိုက်တယ်။ အ..အာ! တကယ်နာတယ်ဗျ! အိပ်မက်မဟုတ်ဘူးပဲ။

ဖုန်းက တုန်ခါလာတော့ သူ အဲ့ဒါကို ဆွဲထုတ်ကာ ကြည့်လိုက်တယ်။ 'ရှန်ချုန်း'တဲ့။

"ဟယ်လို" သူ့ရဲ့ ဦးနှောက်က အခုထက်ထိကောင်းကောင်း အလုပ်မလုပ်သေးတော့ သူ့ရဲ့ အသံကလဲ ရောက်ယက်ခက်နေတယ်။

"ဘာဖြစ်လို့ မင်းရဲ့အသံက ကောင်းကောင်းသရုပ်မဆောင်နိုင်တဲ့ပုံပေါက်နေတာလဲ?" ရှန်ချုန်းက အဲ့ဒီအကြောင်းကို အရမ်းသိချင်နေတယ်။ "သရုပ်ဆောင်ပြိုင်ပွဲမှာ အခြေအနေဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့လား?"

"မဟုတ်ပါဘူး" နန်ဟွိုင်လင် တွေဝေစွာနဲ့ ပြောလိုက်တယ်။ "ဒါရိုက်တာလော့ခဲ့က ပြောတယ် သူက ကျတော့်ကို ဒုတိယယောက်ျားလေးဇာတ်ကောင်နေရာမှာ သရုပ်ဆောင်စေချင်တယ်တဲ့"

"ဘာ...ဘာကြီး!" ရှန်ချုန်းလည်း လုံးဝကို လျှော့အကြီးကြီးရသွားတယ်။ "တကယ်လား?"

နန်ဟွိုင်လင်လည်း စိတ်တွေမတည်မငြိမ်ဖြစ်နေတာကြောင့် ဒါက အမှန်လား၊ အမှန်မဟုတ်ဘူးလားဆိုတာကို မစဥ်းစားတက်တော့ဘူး။

ရှန်ချုန်းက ဆက်ပြောတယ်။ "ကိုယ် 'ကြယ်နိုင်ငံ'ရဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးပြီ။ ထူးထူးဆန်းဆန်းပဲ ကိုယ် ဒုတိယယောက်ျားလေးဇာတ်ကောင်နေရာကို အရမ်းကြိုက်သွားတယ်။ ကိုယ်သာ ခေါင်းဆောင်မင်းသားနေရာကို မဖြစ်မနေသရုပ်ဆောင်စရာ မလိုဘူးဆိုရင် ဒုတိယယောက်ျားလေးဇာတ်ကောင်က ကိုယ့်အတွက်ပဲဖြစ်လိမ့်မယ်။ လင်ပေါက်စလေး၊ ဒီအချိန်မှာ မင်းက မင်းရဲ့ကံကြမ္မာကို ဖန်တီးလိုက်တာပဲလို့ပဲ ကိုယ်ပြောချင်တယ်"

"အာ..အင်း." နန်ဟွိုင်လင် ဘယ်လိုပြန်ပြောလို့ ပြောရမှန်း မသိတော့ဘူး။

"ဟေး" ရုတ်တရက် ရှန်ချုန်းရဲ့ အသံတုန်း(tone)က ပြောင်းလဲသွားတယ်။ "အဲ့ဒါ အမှန် မဟုတ်လောက်ဘူး"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now