စာစဉ် ၂၉ (၂၁-၃၀)
1.8K 200 13
စာစဉ် ၂၉၊ အခန်း ၂၁။ မင်းလည်း ပျောက်ကွယ်သွားသင့်တာ (4)
လက်တစ်ဖက်ကို ကားပြတင်းပေါက်မှာ ထောက်ထားရင်း ခေါင်းကိုဖိကိုင်ထားလေတဲ့ လုဘန်ချန်းက ကျန်လက်တစ်ဖက်ကိုတော့ စတီယာတိုင်ကို ကိုင်ထားကာ သူ့ဘေးက အတွင်းရေးမှူးမလေးကို စောင်းငဲ့ကြည့်နေသည် ။
ကား က ရှုဝန်နူး အနားကိုဖြတ်ချိန်မှာတော့
သူမကို သတိထားမိသွားပုံရတဲ့လုဘန်ချန်းက သူမကို လှမ်းကြည့်လာခဲ့ပြီးနောက်မှာတော့ ဘေးက အတွင်းရေးမှူးမလေးကို တစ်ဖန်စောင်းငဲ့ကြည့်ကာ ပြုံးပြလေသည် ။
လုဘန်ချန်း ကား သူမကိုဖြတ်သွားပြီးသည့်အချိန်မှာတော့
ရှုဝန်နူးသည်လည်း တက္ကစီတားလိုက်တော့သည် ။
မီးပွိုင့်မိနေတာကြောင့် ရှုဝန်နူး ကားအပြင်ဘက်ကို တစ်ချက်ကြည့်မိသည့်အခါ ကျင်းယွမ် ကနေ သူ့ဝန်ထမ်းရဲ့အကူအညီနှင့်ထွက်လာလေတဲ့ ဒါရိုက်တာလီကို တွေ့လိုက်ရပေသည် ။
တော်တော်လေးသောက်ထားပုံပေါ်တဲ့ဒါရိုက်တာလီက ခြေလှမ်းတွေပင် မှားလို့ နေတာကြောင့် သူ့ဝန်ထမ်းတစ်ယောက်သာ ဘေးမှာမပါရင် ချော်လဲလိမ့်မည်မှာအသေအချာ ။
လမ်းဘေးကိုမရောက်ခင်မှာတင် ကို့ရို့ကားယားနိုင်လွန်းစွာ ပျို့အန်နေတဲ့ ဒါရိုက်တာလီက သူမ ထက်တောင် ပိုဆိုးနေသေးသည် ။
ရှုဝန်နူး စီးလာတဲ့တက္ကစီက သူတို့နားနီးကပ်နေတာကြောင့် တိတ်ဆိတ်တဲ့ ညဘက်မှာ စကားပြောသံတွေကို ကောင်းစွာကြားနေရသည်။
“ဒါရိုက်တာ အဆင်ပြေရဲ့လား”
ဒါရိုက်တာလီရဲ့ ၀န်ထမ်းတစ်ယောက်က ဒါရိုက်တာလီရဲ့ကျောကို အသာထုပေးရင်း မေးနေပေမဲ့ အန်နေတာကြောင့်
ဒါရိုက်တာလီက ပြန်ဖြေနိုင်စွမ်းမရှိ ။
“ဒါရိုက်တာ ဘာလို့ သွေးတွေ အန်နေတာလဲ ကျွန်တော်တို့ဆေးရုံသွားရအောင်”
သွေးအန်တယ် လား ။
ရှုဝန်နူး နားစွင့်နေတုန်းမှာပဲ မီးပွိုင့်လွတ်သွားလေပြီမို့ရှုဝ◌န်နူးစီးနေသည့် ကားက မောင်းထွက်သွားတာကြောင့် ဒါရိုက်တာလီလည်း သူမ မြင်ကွင်းထဲက ပျောက်သွားခဲ့လေပြီ ။