KING(21)

11K 872 11
                                    

KING- 21

“ကျွန်တော်မရှိတုန်းဘာတွေထူးခြားသေးလဲ ကိုဆန်းလွင်သူ”

“ထူးထူးခြားခြားတော့မရှိဘူး King။ သီတင်းကျွတ်ပြီဆိုတော့မင်္ဂလာပွဲနဲ့စေ့စပ်ပွဲတွေပဲများတယ်။ King ဆေးရုံ တက်နေတဲ့ရက်ပိုင်းတုန်းက ခန့်တည်ကြည်နဲ့ကြည်သာဦး Photo Shoot လာလုပ်ပြီး Blog မှာကြော်ငြာလိုက်တော့ social media တွေပေါ်မှာ ဟိုတယ်အကြောင်းက လူပြောများနေပြီ King”

“အင်း...ကောင်းပါတယ်။ ဒီလအတွက်လက်ခံထားတဲ့ပွဲတွေကုန်သွားရင် အတွင်းပိုင်းကို classic ကာလာတစ်ခုခု ပြန်ပြောင်းဖို့ပြင်လိုက်ပါ ကိုဆန်းလွင်သူ။ အပြင်ဆင်တစ်မျိုးထဲထပ်မနေတော့ ပွဲလုပ်မယ့်သူတွေ ပိုမျက်စိကျတာပေါ့။ ဘတ်စ်ကားတွေရော အခြေအနေဘယ်လိုရှိလဲ။ feedback က အဆင်ပြေရဲ့လား”

“ရုတ်တရတ်ကြီး သွားတဲ့လမ်းကြောင်းတွေပြောင်းထားတာ့ အဆင်မပြေတာတွေတော့ ရှိသေးတယ် King။ မှတ်တိုင်တစ်ခုနဲ့တစ်ခု ရပ်တာကြဲတာတွေရော၊ တစ်ချို့မှတ်တိုင်ငယ်တွေမှာ မရပ်တာမျိုး အဲ့ဒါတွေအတွက်တော့ ထပ်တိုးပေးဖို့ တောင်းဆိုထားတယ်။ နံပါတ်အသစ်တွေ ထပ်ဆွဲဖို့ ကားစီးရေတိုးလို့ရဦးမလားလို့ ဝန်ကြီးရုံးဘက်က စာဝင်ထားတယ် ဒီမှာ”

“၅၀ထပ်တောင်းထားတာ အဆင်ပြေပါတယ်။ တစ်လ၊ နှစ်လလောက်တော့ ကြာသွားမယ်။ ဟိုဘက်ကို ဖုန်းဆက်ကြည့်ပြီး မြန်နိုင်သလောက်မြန်ဖို့ ပြောလိုက်ပါ။ ဝန်ကြီးနဲ့တွေ့ဖို့က ကျွန်တော်စီစဉ်လိုက်မယ်။ စုံစမ်းခိုင်းတာရော အခြေအနေ”

“King သိချင်တာတွေက နှိုက်ထုတ်ဖို့လွယ်တယ်လေ။ ကျွန်တော်မြန်မြန်ပဲရှာတွေ့လိုက်ပေမယ့် ဒီထက်စိတ်ဝင်စားစရာကောင်းတာတစ်ခုရထားလို့ အဲ့ဒါလေးပါသိရမှ ပြောလို့ရမလား”

“ရတယ်လေ။ သိပ်တော့မကြာစေနဲ့။ အခုဆို Mesopotamia ကလည်း နာမည်ရလာပြီ။ Public transport ကလည်းဟိုးလေးတကြော်ဖြစ်လာတော့ ကျွန်တော်တို့ဇစ်မြစ်ကိုသိဖို့က မနက်ဖြန်သဘက်ခါပဲ”

“ဟုတ်ကဲ့ပါ King”

Macbook ပေါ်ပြေးလွှားနေတဲ့လက်ချောင်းတွေကို ရပ်တန့်ပြီး နာရီကိုကြည့်တော့ ၁၁နာရီ၄၅မိနစ်။

KINGWhere stories live. Discover now