117

6.2K 1.2K 26
                                    

Unicode

“ဝမ်ပထျန်.. ခင်ဗျားက ခင်ဗျားရဲ့ကိုယ်ကျိုးအတွက် အပြစ်မဲ့တဲ့ပြည်သူတွေကို နာကျင်စေခဲ့တယ်.. ဒါက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုတစ်ခုပဲ..”

ရင်းဆုယဲ့ရဲ့အသံက မြို့တော်နယ်နိမိတ်တစ်ခွင်သို့ ပျံ့နှံ့သွားတယ်။

ပွဲလာကြည့်တဲ့ လူတွေသာမက၊ တိုက်ပွဲအရှိန်ကြောင့် အိပ်ပျော်နေရာမှ လန့်နိုးလာကြတဲ့ လူတွေအားလုံးလည်း ရင်းဆုယဲ့ရဲ့စကားကို ကြားလိုက်ကြတယ်။

“မင်းဒီကိစ္စကို ဘယ်လိုလုပ်သိတာလဲ..?”

ဝမ်ပထျန်ဟာ သူ့ရဲ့သက်တမ်း ကုန်ဆုံးတော့မှာကို သိလိုက်ရတဲ့အချိန် အသက်ရှင်နိုင်ဖို့အရေး အမျိုးမျိုးသော နည်းလမ်းတွေကို ကြိုးစားကြည့်ခဲ့တယ်။ လူသားတွေကို အရှင်လတ်လတ် ဖမ်းဆီးစမ်းသပ်ခဲ့တာလိုမျိုး ဆိုးဝါးရက်စက်တဲ့ နည်းလမ်းများစွာ အသုံးပြုခဲ့တယ်။

ထိုကိစ္စမပေါ်အောင်လည်း သူ့ရဲ့ လူသားဘုရင်ဆိုတဲ့ အရှိန်အဝါကိုသုံးပြီး တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားခဲ့တယ်။ လူသားစမ်းသပ်ခံတွေ ထွက်မပြေးနိုင်အောင် ဖမ်းဆီးထားရုံသာမက သူ့ရဲ့စမ်းသပ်ချက်ကို ကူညီပေးနေတဲ့ လူတွေကိုလည်း ထိန်းချုပ်ထားခဲ့တယ်။ ထို့ကြောင့် ဝမ်ပထျန်ကို ဘယ်သူမှ သံသယမဝင်ခဲ့ဘူး။

ဒါပေမဲ့ ရင်းဆုယဲ့က ထိုကိစ္စတွေအားလုံးကို သိနေရုံသာမက စမ်းသပ်ခံတွေကိုပါ ကယ်တင်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ သက်သေနဲ့တကွ ပေါ်ထွက်လာတာကြောင့် ဝမ်ပထျန်မှာ လူသားဘုရင်ဖြစ်နေလည်း အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့ဆိုတာ မလွယ်ကူတော့ဘူး။

ရင်းဆုယဲ့ရဲ့ရိုက်ချက်က အကြင်နာတရား ကင်းမဲ့လွန်းတယ်။ ဝမ်ပထျန်ကို ပြင်ဆင်ချိန်မပေးဘဲ သူလုပ်ခဲ့သမျှ မကောင်းမှုအားလုံးကို လူအများရှေ့မှာ ဖွင့်ချပစ်လိုက်တယ်။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ နာမည်ကောင်းကို ထိန်းသိမ်းချင်သေးရင် ဝမ်ပထျန်တစ်ယောက် ထိုကိစ္စကိုသိသူတိုင်း၊ ကြားလိုက်တဲ့လူတိုင်းကို သတ်ပစ်ရတော့မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now