စာစဉ် ၇၄ (၁-၆)
2K 306 8
Book.              :  74
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၄၊ အခန်း ၁။   သွားစမ်း
ထိုသွေးဆာဂိုဏ်းသည် ဖိန့်ဖိန့်တုန်ဂိုဏ်းသားများအား ဖမ်းခေါ်လာပြီး သိပ်မကြာခင်ပင် ဖိန့်ဖိန့်တုန်ဂိုဏ်းသားတစ်ယောက်သည် ထွက်ပြေးလွတ်မြောက်သွားခဲ့၍ သွေးဆာဂိုဏ်းသားများက မနည်းလိုက်ဖမ်းခဲ့ရ၏ ။ ထိုလိုက်ဖမ်းခဲ့သည့်အဖွဲ့ ထဲတွင် ချင်းရူရှီပါ ပါပါ၏ ။
ထိုဖိန့်ဖိန့်တုန်ဂိုဏ်းသားသည် တစ်ယောက်ထဲနဲ့ သွေးဆားဂိုဏ်းသား ဆယ်ယောက်ကျော်ကို ရင်ဆိုင်သွားခဲ့၏။ ဖိန့်ဖိန့်တုန်ဂိုဏ်းသားသည်
သူတို့အား လက်ဗလာဖြင့် ရင်ဆိုင်ခဲ့ပြီး
မသေခင်အချိန်အတွင်းကို သူတို့ဂိုဏ်းသားလေးငါးယောက် ကို သတ်သွားခဲ့သေးလေသည် ။
ထိုဖိန့်ဖိန့်တုန်ဂိုဏ်းသား၏ စွမ်းရည်သတ္တိမှာ ချင်းရူရှီ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေ၏ ။
အခုတော့ သူမအရှေ့မှ ထိုသိုင်းပညာရှင်များသည် လွတ်လပ်သောနယ်မြေက ဖိန့်ဖိန့်တုန်ဂိုဏ်းက လူများ
ဖြစ်နေလေပြီ ။ ထို့ပြင်
ရီဝမ်ဝမ်သည်လည်း ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ဖြစ်သည်ဟု
ထိုအဘိုးကြီး ပြောသွားလေသည် ။
“စီပယင်နဲ့ ဘာတွေ လေကြောရှည်နေတာလဲ ။
သူ့ ကို အရင်ဖမ်းစမ်း”
တတိယအကြီးအကဲသည် ထိုသို့ ပြောလိုက်ပြီး
စီပယင်ဆီကို ပြေးတက်သွားလိုက်၏ ။
မျက်တောင်တစ်မှိတ်လေးအတွင်းမှာပင်
တတိယအကြီးအကဲနှင့် စီပယင်တို့ လက်ဝါးချင်း ဖောင်းခနဲ ရင်ဆိုင်မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် အနောက်ကို လွင့်သွားကြ၏ ။
နှစ်ယောက်စလုံး အံ့သြသွားကြသည် ။
တစ်ဖက်လူ၏ခွန်အားက တစ်ဖက်လူကို စိုးရိမ်သွားစေလေပြီ ။
“အဘိုးကြီး သွားသေလိုက်တော့”
ခုနစ်စင်ကြယ်သည်လည်း ပြေးတက်သွား၏ ။