အခန်း ၇ (အပိုင်း ၂)

4.3K 550 6
                                    

ပြီးတော့ တဖက်ကိုရောက်တာနဲ့ ဒိတ်လုပ်ရတဲ့ခံစားချက်ကို သိမှာပဲလေ

"ကိုယ်ကြည့်လိုက်မယ်" ချင်းကျင်းက ထိုင်ကာ စက်ဘီးကို ကြည့်လိုက်သည်။ စက်ဘီးကိုယ်ထည်နဲ့ တာယာတွေက ယောင်ယောင်ကြောင့် သန့်လို့ စက်ဘီးကို စမ်းကြည့်ပြီး ယောင်ယောင်ကို "ထိုင်ကြည့်" လို့ပြောလိုက်သည်။

ယောင်ယောင်က နာခံစွာနောက်မှာ ထိုင်လိုက်သည်။ ချင်းကျင်းကရှေ့ခုံမှာထိုင်ကာ နှစ်ခါလောက်စမ်းနင်းကြည့်တော့ အဆင်ပြေနေဆဲ ဒါမဲ့လည်းနှစ်ပေါင်းများစွာ ဒီတိုင်းကြီးထားတာတော့ စက်ဘီးက ဘယ်လောက်ခံမလဲတော့ ဘယ်သူမှမသိ

"ဘယ်လိုလဲ ဘယ်လိုလဲ?" ယောင်ယောင်က သူ့ခါးကိုဖက်ကာ နောက်ကနေ စိတ်လှုပ်ရှားစွာမေးလာသည်။

ချငင်းကျင်းက စက်ဘီးပေါ်ကနေလှည့်ကာ ယောင်ယောင်ကို ကြည့်ပြီး "သုံးလို့ရပါသေးတယ်"

"အာ့ဆို ဒီနေ့ ဒီစက်ဘီးနဲ့ အပြင်သွားကြတာပေါ့ အိုခေ?"
ယောင်ယောင်က မျက်လုံး ကြီးတဲ့ထဲပါတာကြောင့် သူမ တစ်ယောက်ယောက်ကို မျက်လုံးပြူးပြရင် တကယ်လန့်ဖို့ကောင်းသည်။ ဒါမဲ့ ဒီတစ်ခါတော့ မင်းကိုယ်မင်း သူမမျက်လုံးထဲမှာ မင်းကိုယ်မင်းမြင်ရတဲ့အခါ သူမက မင်းအပေါ် စိတ်နစ်ထားတယ်ဆိုတဲ့ ထင်ယောင်ထင်မှား မှုမျိုးကိုတောင် ရစေလိမ့်မည်။

ချင်းကျင်းကိုလည်း ဒီလိုပဲ​ကြည့်နေတာ ခနလောက် သူလည်း စိတ်လွတ်သွားသလိုပင် ယောင်ယောင်ထပ်မေးလာမှသာ အသိဝင်လာပြီးတော့ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

"မြန်မြန် အပြင်သွားရအောင် ခနနေရင် တအားပူလာတော့မှာ"

ချင်းကျင်းက ငြင်းဆိုမှုမရှိ သူ့ ကားကို ယောင်ယောင်ခြံပြင်မှာထိုးဖို့ ထွက်သွားလိုက်သည်။ ယောင်ယောင်က စက်ဘီးကိုခြံပြင်ကိုတွန်းကာအပြင်မှာသူ့ကိုစောင့်နေခဲ့သည်။ ယောင်ယောင်က စက်ဘီးကိုမှီကာ ချင်းကျင်းကိုစေငါ့်နေတေုန်းမှာပဲ တစ်စုံတစ်ယောက်က "ယောင်ယောင်" လို့ ခေါ်သံလို့ ကြားလိုက်ရသည်။ထိုအသံက နွေဦးလေပြေနြ့ တူတယ်လို့ လူတွေကိုခံစားရစေတဲ့အသံမျိုး

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now