နေသက်နွေးအတွက်တော့ပထမဦးဆုံးတစ်ယောက်တည်းခရီးထွက်ခြင်းပါပဲ။ ကားကရှမ်းကျင်ကိုတန်းရောက်ပြီး၊ကယ်ရီတစ်ထောက်စီးပြီးတာနဲ့အန်တီမြင့်တို့အိမ်တန်းရောက်တယ်။ကြားမှာအပိုလိုခရီးမပါတာကြောင့်လမ်းပျောက်တက်တဲ့နေသက်နွေးအတွက်တော့သိပ်စိတ်မပူရဘူးလို့ဆိုရမှာပဲ။
ကားမှန်ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အခါစိမ်းလန်းနေတဲ့စိုက်ခင်းတွေနဲ့ကြည်လင်ပြာလဲ့နေတဲ့ကောင်းကင်ရောင်ကိုနေသက်နွေးမရဲတရဲလေးမော့ကြည့်တယ် ။
လေအရှိန်ကြောင့်နဖူးကဆံနွယ်လေးတွေကဘယ်ညာယိမ်းရင်း၊ခပ်ကျဥ်းကျဥ်းနဖူးပြင်လေးဟာဟင်းလင်းပြင်လို။
ရုတ်တရက် နားသယ်ဒေါင့်လေးကိုထိမိသွားတော့ ပျားလေးအဝဲခံလိုက်ရတဲ့ပန်းကလေးလိုမျိုးပါးလေးကရဲရဲလေးဖြစ်သွားတယ် ။
ပထမဦးဆုံးအကြိမ်ရင်ဖိုခြင်းနဲ့ ရှက်စိတ်ဝင်မိခြင်းပါပဲ။ အဲ့သည့်ရှက်ရွံခြင်းကတမျိုးလေးထူးပြီးလူတိုင်းဆီမှာရရှိတက်တဲ့ခံစားချက်မျိုးမဟုတ်ပဲ၊တစ်ဦတစ်ယောက်တည်းရဲ့အဆိုင် ၊အပိုင်။
ကျွီ ....
ကားကြီးရဲ့ဘရိတ်အုပ်သံနဲ့အတူရှမ်းကျင်ကိုရောက်ကြောင်းအသိပေးကြောင့်နေသက်နွေး ခေါင်းလေးစောင်းရင်းကားပေါ်ကဆင်းဖို့ပြင်ဆင်တယ် ။
" ဝေး သက်နွေးလေး! "
အန်တီမြင့်တို့ရွာမှာမိန်းကလေးတွေကြားရေပန်းစားတဲ့လူညိုချောကိုအောင်သန့်စင်ပါပဲ။ သူကတော်တော်လေးလည်းချောပြီးအသားကညိုတယ်။
" လာကြိုတာ ။ အန်တီမြင့်ကဖုန်းလှမ်းဆက်လို့ ၊ဆန်စက်ကိုသွားမှာလားအိမ်ကိုပြန်မှာလား "
" ဆန် .. ဆန် စက် "
" အိုကေ ဗျာ ။ တက် "
နေသက်နွေးကပုဆိုးဝတ်ထားမို့ဘယ်တော့ဖြစ်ဖြစ်ဘေးတိုက်ပဲထိုင်တယ်။
" ကိုကိုကြီး နဲ့ အန်တီမြင့်စကားများကြတယ်။ ဘာကိစ္စလည်းတော့ငါလည်းသေချာမသိပေမဲ့ မင်းအနေထိုင်ဆင်ခြင်ရအောင်လို့ "