KING(25)

11K 913 91
                                    

KING- 25

မှန်ချပ်တံခါးကို တွန်းဖွင့်ဝင်လိုက်တဲ့နောက်မှာ အခန်းထဲက လူတွေရဲ့အကြည့်အားလုံးက King ဆီရောက်လာသည်။ ကြက်သွေးရောင်အနောက်တိုင်းဝတ်စုံကြောင့် King မျက်နှာက ပိုမိုခက်ထန်နေပုံပေါ်လိမ့်မည်။ ဇာတ်ဆောင်မင်းသားဝင်ရောက်လာသည့် ဇာတ်ဝင်ခန်းလိုမျိုး King ဖြေးဖြေးချင်း လျှောက်လှမ်းလာတာမျိုး။ မီးရောင်ဝါဝါနဲ့ ပျံ့လွင့်နေသည့် တီးလုံးသံငြိမ့်ငြိမ့်က King အကြိုက်နှင့်ကွက်တိဖြစ်၏။

ပိရမစ်ပုံအလှဆင်ထားသည့် ဝိုင်ခွက်တွေနဲ့ ရှန်ပိန်နန်းတော်ကလည်း ခမ်းနားထည်ဝါသည်။

"Mr. King ရောက်လာပြီ"

ရှန်ပိန်တစ်ခွက်ကို ကိုင်မြောက်ရင်း ဦးစွာကြိုဆိုသူက ဦးဇေယျ။ King က သိပေမယ့် King ကိုမသိသော၊ နာမည်သာသိ၍ မျက်နှာစိမ်းသည့် ပုဂ္ဂိုလ်တွေနှင့် party က လူစည်ကားနေသည်။

"မင်းသားက ခုမှရောက်လာတယ်"

"ကျွန်တော် နည်းနည်းနောက်ကျသွားတယ်။ Sorry အန်ကယ်လ်"

"မဟုတ်တာ။ party တစ်ခုအတွက် ဒီအချိန်က အတော်ပါပဲ။ Bodyguard ကြီးရော မပါဘူးလား"

တစ်ကိုယ်တည်းဖြစ်နေသည့် King နောက်နားကို မျက်စိတစ်ချက်ကစားပြီး ဦးဇေယျ မေးသည်။ King ခေါင်းယမ်းပြရ၏။ King ရဲ့ လက်ဖဝါးထဲ ဝင်ရောက်လာသည့် ရှန်ပိန်တစ်ခွက်။ လာပေးသူက ပိုင်သူထူး။ မျက်လုံးတွေမှိတ်တဲ့အထိ ပြုံးပြနေသည့် ပိုင်သူထူးကို အပြုံးတွေ ဖောဖောသီသီ အလှူပေးလိုက်သည်။ အံ့ဩသလို နှုတ်ခမ်းတွေဝိုင်းသွားသည့် ပိုင်သူထူး နားရွက်နားကပ်ပြီး နှစ်ကိုယ်ကြားရုံစကားတစ်ခွန်းဆိုရ၏။

"မတွေ့တာကြာပြီနော်"

ပိုင်သူထူးတစ်ယောက် အသက်ရှူပင်အောင့်ထားသလို လူကတောင့်တင်းသွားခဲ့တာကို King သတိထားမိသည်။ ဒီ အခြေအနေကို အဝေးတစ်နေရာမှ လှမ်းကြည့်နေသူက မီးမညှိထားသည့် စီးကရက်တစ်လိပ် လက်ကြားညှပ်ထားသည့် အဏ္ဏဝါဖြစ်သည်။ အနက်ရောင်ပြောင်းထားပြီဖြစ်တဲ့ ဆံပင်ကြောင့် အဏ္ဏဝါ့မျက်ကွင်းညိုညိုတွေက ပိုသိသာနေသလိုပင်။ ရှပ်အင်္ကျီကြယ်သီးတွေကို ရင်ဘတ်ပေါ်သည်အထိဖြုတ်ထားပြီး Long coat အရှည်ဖရိုဖရဲနှင့် အဏ္ဏဝါက အရောင်အဝါတွေ မမှေးမှိန်။

KINGWhere stories live. Discover now