KING(26)

11.3K 832 34
                                    

KING- 26

“ဘဘက ကျွန်တော့်ကြောင့် ကျွန်တော်တောင်းပန်ပါတယ် ပီအိုက်”

ဟန်စစ်သက်ပြင်းသဲ့သဲ့ချပစ်ရသည်။ နေမင်းက မြေပြင်ပေါ်မေးတင်ပြီး ဝေ့ဝိုက်နေတဲ့လေပြေက အအေးဓာတ်ပါ၏။ ကားတံခါးဖွင့်ပြီး ကူရှင်ကနေ ခြေဆင်းထိုင်နေတဲ့ ဂျစ်တူးကောင်ရဲ့ အင်္ကျီဟပြဲကို ဇစ်ဆွဲတင်ပေးလိုက်ရသည်။ ဟန်စစ်က King ခြေထောက်တွေကြားထဲ မတ်တပ်ရပ်နေတာဖြစ်သည်။ ကုတ်တွေအဝတ်များပေမယ့် ဟန်စစ် tracksuit နဲ့လည်း လိုက်ဖက်နေသည်။ နေရောင်နဲ့လရောင်အားပြိုင်မှုကြား ညနေခင်းအလင်းရောင်က မမှိုင်းသေး။ King မျက်နှာညို့နေတာကတော့ သိသိသာသာဖြစ်သည်။ ဒီလိုတွေပြောလာမှာ ကြိုတွက်မိလို့ မရှိခဲ့တဲ့ကိစ္စတွေလို ဟန်စစ် သဘောထားခဲ့တာဖြစ်သည်။ 

“လူတစ်ယောက်မှာ ကံကံရဲ့အကျိုးဆိုတာရှိတယ်။ ဖေဖေက ဒီဘဝသက်တမ်းဒီလောက်ထိပဲ ပါလာလို့။ ဒီအချိန် ဒီနေရာမှာ သက်တမ်းဆုံးရမယ်ဆိုရင် ဒီအဖြစ်ကြောင့်မဟုတ်ဘဲလည်း ဖေဖေက ငါ့ကိုခွဲသွားရမှာပါ။ မင်းဆီက ဒီလိုတွေမကြားချင်လို့ ငါ ဘာမှမပြောခဲ့တာ။ ဟုတ်တယ် ငါကျောင်းလည်းနားခဲ့တယ်။ ငါ တက္ကသိုလ်ဆက်မတက်ခဲ့တာ မင်းကြောင့် မဟုတ်ဘူး။ ဒါက ငါ့ဘဝ ငါ့ရွေးချယ်မှု။ ငါ ပညာရေးကို စိတ်မဝင်စားဘူး စက်။ ပညာရေးနဲ့အသက်မွေးမယ့်ကောင်လည်း မဟုတ်တော့ ငါ့အတွက် ၁၀တန်းအောင်ဆိုတဲ့အဆင့်တစ်ခုနဲ့တင် တော်ပြီပေါ့။ ကိုယ့်အတွက်မလိုအပ်ဘဲ ကြိုးစားအားထုတ်တဲ့အရာတွေက အပိုတွေပဲလေ။ ငါရော ဖေဖေရောက ငါ့တို့ဘဝငါတို့ရွေးချယ်ခဲ့ကြတာ။ မင်းနဲ့လုံးဝမသက်ဆိုင်ပါဘူး”

ဒီတစ်ခါ လေပူတွေမှုတ်ထုတ်သူက King။ လည်တိုင်တွေတစ်တန်းတဲ့ဖြစ်တဲ့ထိ ကူရှင်ပေါ်ခေါင်းမှီထားတဲ့ King ကို ဟန်စစ်ငေးဖြစ်သည်။

“ငါ မင်းကို အေးချမ်းစေချင်တာ”

ဘယ်လိုစကားလုံးမျိုးက နှစ်သိမ့်မှုပေးနိုင်မလဲ ဟန်စစ်မရွေးချယ်တတ်။ ရည်ရွယ်ချက်ကို လှလှပပသုံးနှုန်းမနေဘဲ ပွင့်လင်းဖို့သာ ရည်စူးထားခဲ့သည်။

“ကျွန်တော့်အကြောင်း ဘယ်အချိန်တည်းကသိနေတာလဲ။ လွန်ခဲ့တဲ့ဆယ်နှစ် ကျွန်တော် ပီအိုက်တို့အိမ်ကို ရောက်တည်းကလား”

KINGWhere stories live. Discover now