118

6.5K 1.3K 26
                                    

Unicode

ဘုရင်တစ်ပါးချင်းစီရဲ့ စွမ်းအားအရှိန်အဝါက တကယ့်ကို ကြီးမားလွန်းတာကြောင့် ဘုရင်နှစ်ပါးရဲ့ တိုက်ပွဲအရှိန်က တုန်လှုပ်ခြောက်ခြားဖွယ်အတိ။ ရင်းဆုယဲ့နဲ့ ဝမ်ပထျန်တို့ရဲ့ တိုက်ပွဲက မြေပြင်ကနေ အစပြုပြီး ကောင်းကင်ယံတစ်ခွင်၊ ကောင်းကင်ဘုံမှ ငရဲပြည်အထိတိုင် တုန်ဟည်းစေခဲ့တယ်။

တိုက်ပွဲအတွင်း များပြားလှတဲ့ အဆောက်အအုံတွေ ပြိုပျက်သွားရပြီး မြေသားလွင်ပြင်မှာ ကြီးမားနက်ရှိုင်းတဲ့ တွင်းနက်ကြီးတွေ ဖြစ်ပေါ်စေခဲ့တယ်။ လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေပြီး မရေမတွက်နိုင်တဲ့ လူသားတွေ တိုက်ပွဲရဲ့အရှိန်ကြောင့် ဒဏ်ရာရကုန်ကြတယ်။

လူတိုင်း မရပ်တန့်နိုင်တဲ့ တိုက်ပွဲကြီးကြောင့် စိတ်ထွေနေတဲ့အချိန် ကြီးမားတဲ့ စွမ်းအားအဟုန်က ထိုလူနှစ်ဦးကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားလေတယ်။ ဘုရားနှစ်ပါးမှာ ခြေကုန်လက်ပမ်းကျလာတဲ့ အခြေအနေအထိ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်နိုင်ရန် ကြိုးပမ်းနေခဲ့ကြတယ်။

ကမ္ဘာလောကတစ်ခုလုံး ထူးဆန်းစွာဖြင့် ရုတ်ချည်း ဆိတ်ငြိမ်သွားတယ်။

တွေ့ကြုံရခဲတဲ့ မြင့်မြတ်သောဘုရင်အဆင့် လူသားဘုရင်နှစ်ပါးရဲ့ တိုက်ပွဲကို ကံကောင်းထောက်မပြီး မျက်မြင်တွေ့လိုက်ရသူတိုင်း အသက်ရှူရန်ပင် မေ့လျော့သွားကြရတယ်။ ကောင်းကင်ယံထက် ရပ်တန့်နေတဲ့ ဘုရင်နှစ်ပါးကို တိတ်ဆိတ်ငြိမ်သက်စွာ မော့ကြည့်နေကြတယ်။

“ဝမ်ပထျန်.. ကံကြမ္မာကို ဆန့်ကျင်ဖို့ကြိုးစားမှတော့ ခင်ဗျားသေသင့်တယ်..!”

ရင်းဆုယဲ့ရဲ့ အသက်ရှူသံက အတန်ငယ် မတည်မငြိမ် ဖြစ်နေခဲ့တယ်။ သို့သော် လေထုအလယ် တည်ငြိမ်စွာ ရပ်တန့်နေဆဲ။ နည်းနည်းလေးတောင် ယိမ်းယိုင်မှုမရှိခဲ့ဘူး။ ရင်းဆုယဲ့က လက်မြှောက်ပြီး နှုတ်ခမ်းထောင့်မှ သွေးစက်တွေကို သာမန်ကာလျှံကာ သုတ်ပစ်လိုက်တယ်။ အတွင်းဒဏ် ပြင်းပြင်းထန်ထန် ရသွားပြီး ခန္ဓာကိုယ်တွင်းမှ စွမ်းအားအကုန် ခမ်းခြောက်လုနီးပါး ဖြစ်နေပေမယ့် သူ့ရဲ့မျက်နှာပေါ်မှာ နာကျင်နေတဲ့ အရိပ်အယောင်မျိုးမရှိဘဲ ကြောက်စရာကောင်းအောင် တည်ငြိမ်နေလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now