(၂၀) Z/U
730 61 0
Zawgyi
________
"ရှောင်းဖိန် နောက်ဆုံးတော့ထွက်လာခဲ့ပြီပေါ့ "
ပလ္လင်ပေါ်ရှိရှောင်းမင်းကြီးရဲ့ အမေးကိုအောက်မှာရှိနေတဲ့ အမတ်တစ်ယောက်က အရိုအသေပေးကာ ပြန်လည်ဖြေကြားလိုက်သည်။
"သူတို့တွေရီယာတိုင်းပြည်ကိုကြင်ယာတော် မြှောက်ပွဲအတွက်ထွက်လာကြတာပါမင်းကြီး "
"ဟားဟား.... ငါ့သားရဲ့သားကလဲဒီလိုလာတယ်ပေါ့ ဒီထူးဆန်းတဲ့မျိုးနွယ်စုတွေက မြို့ထဲထိရောက်လာကြတာလား ထားပါတော့လေ ဘာဖြစ်ဖြစ် သူကလဲငါ့မြေးပဲကို အချိန်ရောက်တာနဲ့ ငါ့မြေးကိုခေါ်ကြတာပေါ့ အဲ့ချိန်ကျတစ်ချိန်က တိုင်းပြည်ကိုပစ်ခွာသွားတဲ့ ရှောင်းနိုင်ငံတော်က အိမ်ရှေ့မင်းသားရှောင်းဖိန်ဘယ်လိုများဖြေရှင်းမလဲ သိချင်လိုက်တာ "
"တစ်ခုကျန်နေပါသေးတယ်မင်းကြီး "
ရှောင်းဘုရင်က မျက်ခုံးပင့်ကာ ဘာလဲဟုသောသဘောဖြင့်ပြလိုက်တော့ အမတ်ဆီကအသံတိုးတိုးလေးထွက်လာသည်။
"အိမ်ရှေ့စံမင်းသားရဲ့ သားတော်လေးမှာကလေးရှိနေပါတယ်"
အမတ်မင်းမှာသူတို့ဘုရင်ရဲ့မျက်နှာအခြေအနေကိုစောင့်ကြည့်နေလိုက်သည်။ အရင်ကအဖြစ်နဲ့ဆင်တူနေတာကြောင့်သူတို့ဘုရင် အတိတ်ကိုသတိရပြီးစိတ်မကောင်းဖြစ်နေမှာမျိုး သူတို့မလိုချင်ပါ...
"ဘယ်လို!"
ဘုရင့်ဆီကအာမေဋိတ်အသံတစ်ခုထွက်လာပြီး လက်ကိုမေးစေ့နားပွတ်ရင်းဆက်ပြော မည့်စကားကိုနားထောင်နေလိုက်သည်။
"ဟုတ်ပါတယ်အရှင် ကျွန်တော်တို့ စုံစမ်းချက်အရ အိမ်ရှေ့စံမင်းသားနဲ့သူ့ရဲ့သားကအဖြစ်အပျက်ခြင်းတူနေပါတယ် "
မင်းကြီးရှောင်းဇယ် ရဲ့ မျက်နှာရှုပ်ထွေးသလိုဖြစ်သွားသည်။
သူ့မြေးက အခုမှ သူ့ရှေ့ပေါ်လာခဲ့တာဖြစ်သည်။ သူ့သားကလဲ လွန်ခဲ့တဲ့ နှစ်၃၀ကျော်အတွင်းသူ့ဆီကိုတစ်ခါမှပေါ်မလာခဲ့ပါ
အချိန်တိုင်းသူ့သားပျောက်ကွယ်သွားသည့်နေရာနားတစ်ဝှိုက်ကို စောင့်ကြည့်ခိုင်းနေသည်မှာအခုတော့အခြေအနေထူးလာခဲ့ပြီ သူ့မြေးကိုတောင် သူအခုမှတွေ့ဖူးခြင်းပင် အပြစ်ကင်းစင်တဲ့မျက်နှာနဲ့ ကလေးတစ်ယောက်ပုံစံရှိနေသည့် လူက ရှောင်းနိုင်ငံရဲ့ ဘုရင့်မြေးတော်ဆိုတာ သူကိုယ်တိုင်တောင်မယုံနိုင်ခဲ့.... ဘာအကြောင်းမှလဲသိပုံမရ ဒါကြောင့်လဲသူ့မြေးကိုစောင့်ရှောက်ဖို့ လူယုံတွေကိုရီယာတိုင်းပြည်ဆီလွှတ် ဖို့အမိန့်ပေးလိုက်သည်။