Chapter : 108

10.7K 1.2K 365
                                    

Unicode

မင်းသားအရုဏ၏အင်အား ကြီးထွားလာခြင်း

____________________

တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့တွင် အင်အားနှစ်သောင်းကျော်ခန့်ရှိသော ဘရဏသူ​၏တပ်များသည် ခံတပ်ကို လာရောက်တိုက်ခိုက်​၏။

သို့သော်လည်း အရုဏတို့ဘက်က ခံစစ်တောင့်တင်းလွန်းသည်ဖြစ်ရာ ဘရဏသူ​၏တပ်မှာ ရှုံးနိမ့်ခြင်းနှင့်သာ ရင်ဆိုင်လိုက်ရပြီး လက်နက်ဆင်မြင်းသုံ့ပန်းများကို အရုဏမင်းသားလက်ထဲ ထိုးအပ်ခဲ့ရလေသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် တတိယအကြိမ်အဖြစ် အင်အားငါးသောင်းခန့်နှင့် လာ​ရောက်တိုက်ခိုက်ပြန်သည်။ ထိုအခါတွင်လည်း ထပ်မံရှုံးနိမ့်ပြန်သည်။

အရုဏတို့ဘက်ကသာ တစ်ဖက်ရန်သူ့ဆီမှ သိမ်းပိုက်ရရှိသော လက်နက်လူသူများနှင့် စစ်ရေးအင်အား တစ်စထက်တစ်စ ပိုမိုကြ်ီးထွားလာသည်။

တစ်ဖက်တွင်လည်း ပီယံမိတ်သည် စစ်ရေးအတွက် ကုန်ကျစရိတ်များရရှိရန် အုပ်ချုပ်ရာနယ်မြေ​၏စီးပွားရေးကို စနစ်တကျကိုင်တွယ်နေသည်။ ထိုသို့ကွပ်ကဲရာတွင် ရှင်ထွေး​၏ အကြံများကို လက်တွေ့အကောင်အထည်ဖော်ပစ်ကာ ရွာ​၏စီးပွားရေးကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ထိုအခါ ဝင်ငွေဘဏ္ဍာဟာလည်း ပို၍များပြားလာခဲ့သည်။

ထိုသို့ မင်းသားအရုဏဘက်မှ အင်အားပိုကြီးလာမှန်း သိလာသောအခါ ရဲသွေးရဲမာန်တက်ကြွသော လူငယ်များသည် အရုဏ​၏တပ်ထဲသို့ ဝင်ရောက်လာကြ​၏။ မင်းကြီး​၏တပ်တွင်းမှ စစ်သည်အချို့ပါ ခိုလှုံလာသည်။ တပ်မှူးအချို့ အရုဏလက်အောက်သို့ရောက်ရှိလာသည်။

ထင်မထားသောအချက်မှာ မြို့စားတစ်ဦးကပါ အရုဏ​၏ဘက်ကို ဗြောင်ဗြောင်တင်းတင်းထောက်ပံ့ပေးလာခြင်းဖြစ်သည်။

ဤသို့နှင့် တန်ဆောင်မုန်းလပြည့်ကျော် ရောက်လျှင် အရုဏသည် ခံစစ်နှင့်မရောင့်ရဲဘဲ တိုက်စစ်သို့ ဦးတည်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

အရုဏ၊ ယုဂန်နှင့် တပ်မှူးသုန္ဒရီတို့ ဦးဆောင်ကာ စစ်ရေးဗျူဟာများကို နေ့နေ့ညညချမှတ်၍ စစ်ရေးဆွေးနွေးကြတော့သည်။ သူတို့သည် တစ်စတစ်စသိမ်းပိုက်သွားမည့် လမ်းကြောင်းများကို ရေးဆွဲလျက် မည်သို့သောလူနှင့် ကြိုတင်မဟာမိတ်ဖွဲ့ထားသင့်သည်ဟူသော အချက်ကိုပါ တွေးတောထားကြသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now