3(2)

7.1K 446 18
                                    

အမဲလိုက်ခြင်း

Kinn

"ကျေးဇူးပဲဗျာ Khun Wichian" အရေးကြီးဧည့်သည်တွေနဲ့ညစာစားပြီးသွားချိန်မှာ ကျွန်တော် သူတို့တွေကိုပြန်လိုက်ပို့လိုက်သည်။ အကုန်လုံးအဆင်ပြေပြေပြီးသွားပြီဆိုတာနဲ့တပြိုင်နက် ကျွန်တော့်လက်အောက်ကလူတွေအကုန်လုံးရယ် ကျွန်တော်အပါအဝင် ဟောခန်းမကြီးထဲမှာအရေးပေါ်အစည်းအဝေးအခေါ်ခံရတော့တာပဲ။ဒီဟောခန်းမကြီးက ကျွန်တော်တို့အိမ်ရဲ့ဧည့်ခန်းဖြစ်ပြီး အရေးပေါ်အစည်းအဝေးအခေါ်ခံရတဲ့လူတွေကတော့ ကြောက်လန့်စိတ်နဲ့တုန်လှုပ်နေပြီး ရေးကြီးသုတ်ပျာဖြစ်နေကြလေရဲ့။

"မင်းတို့အတွက် ဒီကိစ္စကအရေးမကြီးဘူးမလား" ကျွန်တော့်အဖေကစားပွဲကိုလက်သီးနဲ့ထုပြီးအော်လိုက်တာကြောင့် ဒုန်းဆိုတဲ့အသံကထွက်ပေါ်လာခဲ့ပြီး သက်တော်စောင့်တော်တော်များများကြောက်လန့်သွားကြသည်။

"ဒီတစ်လအတွင်းမှာ Kinnတိုက်ခိုက်ခံရတာနှစ်ခါရှိပြီ။ပြန်ပေးဆွဲခံရတာကတစ်ခါ၊ Kimကိုလည်းလိုက်ချောင်းတဲ့လူကရှိနေတယ်။မင်းတို့ကောင်တွေ ဒါကိုနောက်နေတယ်များထင်နေတာလား။ရယ်စရာကောင်းတယ်ထင်နေတယ်ပေါ့။"

အဖေက အသံနက်နက်နဲ့ဆက်တိုက်ပြောနေရင်း လက်ထဲကစီးကရက်ကိုမီးညှိလိုက်ကာ တစ်ချက်ရှိုက်လိုက်ပြီး မီးခိုးငွေ့တွေကိုလေထုထဲဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည်။အကုန်လုံးကိုဒေါသထွက်နေပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားတဲ့အဖေ့ကို ကျွန်တော်တစ်ချက်လှမ်းကြည့်လိုက်မိသည်။

တိတ်ဆိတ်မှုကဟောခန်းမကြီးတစ်ခုလုံးကိုထိန်းသိမ်းထားပြီး လက်အောက်ငယ်သားတွေအကုန်လုံးကမျက်နှာတောင်မပြရဲဘဲ ခေါင်းကိုဆက်တိုက်ငုံ့ထားကြသည်။ဒီလိုမျိုးအေးစက်တင်းမာနေတဲ့အခြေအနေမျိုးမှာ ကျွန်တော်ကတော့ အဖြူရောင်ဆိုဖာပေါ်မှာထိုင်နေရင်း ရေခွက်ကိုမော့လိုက်ပြီးခပ်မိုက်မိုက်သောက်လိုက်သည်။ဒီလိုအဖြစ်မျိုးကခဏခဏဖြစ်နေကျဆိုတော့ ကျင့်သားတောင်ရနေပြီ။

"မင်းတို့တွေအကုန်လုံးကသူ့သက်တော်စောင့်တွေဖြစ်နေတာတောင် ဒီလိုကိစ္စမျိုးကိုထပ်ခါတလဲလဲအဖြစ်ခံရဲတယ်ပေါ့။"

HereWhere stories live. Discover now