အပိုင်း(၁၇)

92.9K 6.9K 1.1K
                                    

မာလာရှမ်းကောဆိုင်မှ အိမ်သို့ပြန်လာသည့်
လမ်းတစ်လျှောက်လုံး သူ့ဘက်ကိုလှည့်မလာဘဲ လမ်းမဘက်ကိုသာ လည်ကိုစောင်းထားပြီး
လိုက်ခဲ့တဲ့ လွှမ်းသုတကို
ဝေမှူးပိုင်ကြည့်လိုက်ပြီးမှ လွှမ်းသုတတို့ အိမ်ရှေ့တွင် ကားရပ်လိုက်သည်။

"အဟမ်း ..ငါသွားတော့မယ်နော်..။"

ပြောသာပြောသည်။ဝေမှူးပိုင်ကို တစ်ချက်မှ
လှည့်မကြည့်လာ။

ဝေမှူးပိုင်က လွှမ်းသုတ ဖွင့်ဖို့
ပြင်နေသည့် ကားတံခါး lockကို သူ့ဘက်မှနေ၍
ချပစ်လိုက်သည်။
ဒါကိုလည်း အဲ့ဒီ တံခါးကို စိုက်ကြည့်နေရုံကလွဲပြီး
သူ့ဘက်လှည့်မလာသေး။

" မင်းရဲ့ခေါင်းက အဲ့ဒါ ဘာဖြစ်နေတာလဲ။
အုံးလွဲနေတာလား.."

ဝေမှူးပိုင်က စိတ်ပေါက်ပေါက်နဲ့
ပြောပစ်လိုက်သည်။

" မဟုတ်ပါဘူး..ပြန်တော့မလို့လေ.."

လွှမ်းသုတက ရယ်ကျဲကျဲနဲ့ ပြောလိုက်ပြီးမှ..
သူ့ဘက်ကို မလှည့်ချင်လှည့်ချင်ဖြင့်
လှည့်လာသည်။

လွှမ်းသုတရဲ့
မသိမသာ နီချင်နေတဲ့ မျက်နှာကို ကြည့်ပြီး
ဝေမှူးပိုင်က ပြုံးမိမလို ဖြစ်သွားရသည်။

"ကျွေးတဲ့မုန့်ကျအားရပါးရစားပြီး ..
အလကားထွက်သွားချင်လို့ရမလား.."

လွှမ်းသုတက သူ့ကိုတစ်ချက်ကြည့်လာပြီးမှ
မကျေမနပ်အသံဖြင့်

" ဘာလဲ.. ပိုက်ဆံပြန်ပေးရမှာလား."

"မင်းကိုအဖြေတောင်းနေတာ"

" မင်းက မာလာရှမ်းကောကျွေးပြီး
ငါ့ကိုအဖြေတောင်းရအောင်..
ငါကမာလာရှမ်းကောလောက်ပဲ
စားလို့ကောင်း... အဲ.. မဟုတ်ပါဘူး
တန်ဖိုးရှိတာလား.."

လွှမ်းသုတရဲ့ မှားသွားသည့်စကားကြောင့်
ဝေမှူးပိုင်က အသံထွက်၍ပင်
တစ်ချက်ရယ်လိုက်ပြီး..

" အင်း.. မင်း ဘယ်လောက်
စားလို့ကောင်းလဲ ဆိုတာတော့
ငါလည်း နောက်မှ သိရမှာပေါ့.."

"စကားမှားသွားတာ..!"

ဝေမှူးပိုင်က လွှမ်းသုတကို ပြုံး၍ စိုက်ကြည့်နေပြီး
အတန်ကြာမှ..

RO ( ရို ) (Completed)Where stories live. Discover now