စာစဉ် ၇၄ (၁၉-၂၆)
2.7K 332 12
Book.              :  74
Chapter.          :  19 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၄၊ အခန်း ၁၉။  မင်းနတ်မိမယ်လေးရဲ့ ရည်းစား
အင်မော်တယ်ခေတ်လုံခြုံရေးဝန်ထမ်းများမှာ ရီဝမ်ဝမ်တို့အဖွဲ့  ဆိုင်းမဆင့်ဘုံမဆင့် ရောက်ချလာသည်ကို မြင်လိုက်ပြီး
အံ့သြသွားကာ ချက်ချင်း ခရီးဦးကြိုဆိုလာကြ၏ ။
“မင်္ဂလာပါ ဒါရိုက်တာ ရီ”
“မင်္ဂလာပါ” ရီဝမ်ဝမ် သူတို့အား ပြုံးပြလိုက်၏ ။
လုံခြုံရေးဝန်ထမ်းမှာ နေ့လယ်ခင်းကြီး အိပ်မက်မက်နေခြင်းလားပင် တွေးထင်မိသွား၏ ။
ရီဝမ်ဝမ်သည်ကား စတားကော်ပိုရေးရှင်းကြီး၏ ထိပ်ခေါင် သူဌေးကြီး မဟုတ်ပေလော ။
နိုင်ငံကျော်စူပါစတားကြီးများသည်ပင် ရီဝမ်ဝမ်ကို မြင်တွေ့ ခွင့် ရဖို့ရာ အလွန်အမင်း ခက်ခဲလွန်းပြီး တွေ့ ချင်တိုင်း တွေ့ လို့ မရနိုင်ပါချေ ။
“မင်းတို့ သူဌေး ဒီမှာ ရှိလား” ရီဝမ်ဝမ် မေးလိုက်သည် ။
“ဗျာ … သူဌေးက သူဌေးပဲ မဟုတ်ဘူးလား …”
ထိုဝန်ထမ်းလေးမှာ လွှတ်ခနဲ ပြောမိလိုက်ပြီးမှ တစ်ခုကို သဘောပေါက်သွားပြီး အမြန်အမှန်ပြင်ပြောလိုက်၏ ။
“အာ .. သူဌေး ပြောနေတာက စီအီးအို ရီ ရီမူဖန် ကိုလား ..
ရှိပါတယ် ရှိပါတယ် ကျွန်တော် အခုပဲ ခေါ်သွားပေးပါမယ်”
“အင်း” ရီဝမ်ဝမ် ခေါင်းညိတ်လိုက်၏ ။
မကြာခင် ရီဝမ်ဝမ်သည် အင်မော်တယ်ခေတ်က ကန်တင်းဆီ ရောက်သွား၏ ။
ရီမူဖန် ၊ ကျန်းယန်ရန် ၊ ကုန်ရွှီ ၊ လျိုချန်း နှင့် ဟန်ရှန်းယွီ တို့အပြင် မတွေ့ တာ ကြာနေပြီဖြစ်သည့် ချူဖုန်းပါ ရောက်နေလေသည် ။
သူတို့သည် စားပွဲတစ်ခုတွင် ထိုင်နေကြပြီး ကုမ္ပဏီကန်တင်း၏ အစားအသောက်များကို စားသောက်နေကြလေသည် ။
“လခွမ်း .. အစ်ကို ရီ ပါလား”
ရီဝမ်ဝမ်ကို ဦးဆုံးမြင်လိုက်သူကား ကုန်ရွှီ ။
သူသည် ချက်ချင်းပင် ပျော်ရွှင်ဝမ်းသာသွားပြီး ထရပ်လိုက်လေသည် ။