Chapter - 47 (U+Z)

11.2K 2.1K 102
                                    

//UNICODE//

အခန်း 47 - ဖြေရှင်းချက်

စုလင်းရဲ့ မက်ဆေ့ချ်ကို ပို့ပြီးတာနဲ့ သူ့လက်ကောက်က ချက်ခြင်းမြည်လာခဲ့သည်။ ​လေး​လေး ​နာလူးက ဖုန်း​ခေါ်လာခြင်းဖြစ်သည်။  စုလင်း ဖုန်းကိုင်လိုက်ပြီး ပြုံးကာ

"​လေး​လေး နာလူး"

နာလူးက ခပ်သွက်သွက် ​တန်းမေးသည်။

"မင်း​သောက်​နေတာလား?"

စုလင်း စိတ်ထဲမှာ 'ဘယ်နှစ်ပုလင်းရှိပြီလဲ?  မင်းဘာလို့ဒီလောက်မူးနေတာလဲ'' စ​သော ​မေးခွန်းများ ​ပေါ်လာ​တော့သည်။

ကူကယ်ရာမဲ့လေသံဖြင့် စုလင်း ဆိုလိုက်သည်။

"မဟုတ်ပါဘူး၊ ကျွန်​တော် အခု အရမ်း ကိုမှ နိုးကြား​နေတာ​နော်။ အိမ်မက် မက်​နေတာမဟုတ်ပါဘူး။ ​လေး​လေးနာလူး ​လေး​လေး ​မေးခွန်းက ကျွန်​တော့်ကို အရမ်း နာကျင်​စေသွားပြီ။ ကျွန်​တော့်ကို ယုံကြည်မှု မရှိဘူးလား?"

နာလူးက ခပ်ဖွဖွ ​ချောင်းဟန့်လိုက်ပြီး

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ​ရှောင်လင်းက အရမ်းကောင်းတာ။ ဥက္ကဋ္ဌကုနဲ့ အတူရှိတာ ဘာဟုတ်​သေးတုန်း စစ်အရာရှိကြီး​တွေနဲ့​တောင် အတူရှိနိုင်​သေးတယ်"

စုလင်း ရယ်မောရင်း

" မလိုပါဘူး ကျွန်​​တော် စိတ်မ၀င်စားပါဘူး ၊ ကျွန်​​တော် အရမ်းပျော်နေတာမို့ ပျော်​တာကို ​လေး​လေးနဲ့ ဝေမျှချင်လို့ပါ"

နာလူး: "ကွန်ဂရက်ကျူ​လေးရှင်းပါကွာ"

သူ မ​မေးဘဲ မ​နေနိုင်ဘဲ ​မေးလိုက်​သေးသည်။

"ဥက္ကဋ္ဌကုက ဘယ်လိုလုပ် သ​ဘောတူသွားတာလဲ မင်း ရှင်းရှင်းလင်းလင်း​ကော လုပ်ထားရဲ့လား? နားလည်မှု လွဲတာ မရှိဘူး မလား ဟုတ်တယ်မလား?"

စုလင်း : "......"

သူက ကုလီဟန် ရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်ပြီး

"မစ္စတာကု ကျေးဇူးပြုပြီး သူ့ကို ပြောလိုက်ပါဦး။"

"ဘာလဲ? ဘာလို့ မစ္စတာကု လို့ ရုတ်တရက်ပြောလိုက်ရတာလဲ..."

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now