47

14K 939 68
                                    

သေနတ်ပစ်ဖောက်သံမှ ထွက်ပေါ်လာသော ဆူညံသံတို့ဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏ ။ အုပ်စုဖွဲ့ ချီတက်လာကြသည်ဟု ထင်ရလောက်သော ခြေသံပြင်းပြင်းတို့သည် မြေပြင်တစ်ခုလုံးကို သိမ့်သိမ့်ခါသွားစေသည် ။

တုန်လှုပ်အံ့ဩသွားဟန် မျက်လုံးများသည် ဟောခန်းအ၀င်ပေါက်မှ သူတို့အားလုံး၏ မျက်လုံးထဲတွင် အတိုင်းသား ထင်ရှားလာခဲ့၏ ။

ကျူးကျော်ဝင်ရောက်သူသည် ဘယ်သူဖြစ်နေလိမ့်မလဲ ကိုယ်စီ ခန့်မှန်းလို့နေခဲ့ပြီ။

ပုံရေး သူ့မျက်လုံးများကို ဆွဲပွတ်ကာ အနီးရှိ သူ့လူများအား အသံလာရာ ဆီသို့ သွားခိုင်းလိုက်သည် ။ အသံတို့ဟာ တဖြည်းဖြည်းနီးကပ်လာပြီးသည့်နောက်တွင် သူတို့အားလုံးကို အကာအကွယ်ယူထားသော ခိုင်မာတည်မြဲနေသည့် တံခါးကြီးမှာလည်း တမုဟုတ်ချင်း ဖောက်ခွဲခံလိုက်ရကာ ပြိုလဲပျက်စီးသွားတော့သည်။ ပုံရေး လွှတ်လိုက်သည့်လူများမှာလည်း တံခါးအနားတွင်ရှိနေရာ ထိုလူများသည် သူတို့လက်ထဲမှ သေနတ် မောင်းတံကို တချက်မျှ မဆွဲလိုက်ရပါဘဲ ယမ်းစများဖြင့် ဗုံး၏ အရှိန်တို့ပေါင်းစပ်ကာ အဝေးသို့ တစစီ လွင့်ထွက်သွားတော့၏ ။

အားလုံး၏ အာရုံတို့သည် တံခါးကြီးအား ဖောက်ခွဲကာ ၀င်ရောက်လာမည့် အဖွဲ့အစည်းအား စူးစမ်းသလိုမျက်ဝန်းများဖြင့် လေးနက်စွာ ကြည့်ကာ လက်ထဲမှ သေနတ် ကို ကိုယ်စီ ကိုင်ဆွဲထားပြီးသားဖြစ်လင့်နေခဲ့ပြီ ။ ခက်ထန်သည်လည်း ထည်ဝါလင်းရှိန် အနားသို့ကပ်သွားကာ သေနတ်မောင်းဆွဲကာ ဟန်ချက်ညီမျှအောင် ပြင်ဆင်လျက် သူ့ခန္ဓာကိုယ်ဖြင့် ဒိုင်းကာသဖွယ် ရပ်တည်ပေးထားသည် ။ ထည်ဝါလင်းရှိန် မျက်မှောင်ကြုတ်မိသွားသော်လည်း ဘာမျှတော့ မတုံ့ပြန် ။ ယခုအနေအထားက "မင်း ဘာလုပ်တာလဲ ခက်ထန် " လို့ မေးခွန်းထုတ်ရမဲ့ အခြေအနေလည်းမဟုတ်ခဲ့ဘူး ။ ခက်ထန်က သူ့ကို ကာကွယ်ဟန်ပြုလာသော်လည်း သူက ဂရုတော့မစိုက် ။ သူဆိုတာ ဘယ်သူ့အကာအကွယ်နောက်မှာမှ ပုန်းကွယ်နေမဲ့ ယောက်ျားမျိုးမဟုတ်ဘူး ။

ရိုင်နာ က ရှေ့ရောက်နေသော မှိုင်းကို ဂုတ်မှဆွဲကာ သူ့အနောက်သို့ ပို့ထားလိုက်သည် ။
သူကတော့ ဖြစ်လာသမျှ အန္တရာယ်ကို မှိုင်း ရှေ့မှ တံတိုင်းသဖွယ် ကာကွယ်ပေးထားဟန်ဖြင့် လက်ထဲမှ သေနတ်ကို မီးခိုးငွေ့များရှိနေသော အရှေ့ဆီသို့ ချိန်ထားပြီးလေပြီ ။

You are my husband (Season 1)Completed  Where stories live. Discover now