အပိုင်း ၁၉၅ - ဝိညာဉ်

2.5K 342 7
                                    

[Unicode]

အပိုင်း ၁၉၅ - ဝိညာဉ်

ယွီရှောင်ချောင်းတစ်ယောက် ရှေ့နားလေးတိုးလာပြီး သူမအဘိုးလက်ကလေးကို လှမ်းဆွဲလိုက်ကာ အခိုင်အမာ ဆိုတယ်။

အဘိုးကို မယုံတာမဟုတ်ပါဘူး! တကယ်တော့ သူမအပေါ်မှာ အယုံအကြည်မရှိတာပါ! ဘာကတိ သက်သေမှ မပါရင် အချည်းအနှီးပဲလေ... အဲ့တော့ သမီးတို့ သက်သေတစ်ခု လုပ်ထားကြရအောင်!!

အဘွားကြီးကျန်းရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး တစ်ခုခုကို ပြောဖို့လုပ်တော့မယ့်အချိန်မှာ ယွီဟိုင်က အချိန်မီ တားပြီး ကြားဖြတ်ဝင်ပြောလိုက်တယ်

အဲ့လိုဖြစ်လာခဲ့ရင် အာဏာပိုင်တွေဆီ တိုင်ကြားလိုက်တာ ပိုကောင်းမယ်ထင်တယ် ဘယ်လိုလဲ

အဘွားအိုကြီးရဲ့ စိတ်ဓာတ်တွေလည်း ပူပေါင်းတစ်လုံး လေလျော့သွားသလို ချက်ချင်းကျသွားတယ် သူမ ရှုံးသွားပြီ!

ယွီဟန်လည်း အိမ်ကိုပြေးပြီး သူစာရေးလေ့ကျင့်ရင်သုံးတဲ့ စာရွက်နဲ့စုတ်တံတို့ကို သွားယူလိုက်တယ်။ ယွီရှောင်ချောင်း နှုတ်တိုက်ချပေးတဲ့အတိုင်း အဘွားကြီးကျန်းရဲ့ ကောက်ကျစ်ယုတ်မာမူတွေကို ရှင်းရှင်းလင်းလင်းနဲ့ တစ်လုံးမကျန် ချရေးလိုက်တယ်။ အဆုံးသတ်မှာလည်း အဘွားကြီးကျန်းရဲ့ ကတိစကားကိုလည်း ထည့်လိုက်တယ် သူမစိတ်ရင်းနဲ့ နောင်တရနေပြီမို့ နောက်ဆို သူမအကျင့်ကိုလည်း ပြုပြင်ပြီး ယွီဟိုင်နဲ့ သူ့မိသားစုကို အနှောင့်အယှက် မပေးတော့ပါဘူး။ နောက်ဆုံးမှာတော့ သူမရဲ့လက်ဗွေကို စာရွက်ပေါ်မှာ တံဆိပ်နှိပ်ခိုင်းလိုက်တယ်။

ဘာလို့ ယွီဟန်က စာရေးပေးနေရတာလဲ? ဒါက ရှင်းပါတယ်။ ရှောင်ချောင်း အရင်ဘဝတုန်းက အလယ်တန်းကျောင်း ပြီးပြီးသားဖြစ်တာမို့ သူတို့ မောင်နှမတွေထဲမှာ စားရေးတတ်၊ ဖတ်တတ်တာ အမြန်ဆုံး ဖြစ်ခဲ့ပေမဲ့ အရေးလေ့ကျင့်ဖို့အတွက် အချိန်မရှိခဲ့။ ဒါကြောင့် သူမလက်ရေးက ကွေးကောက်ပြီး ရှုက်ယှက်ခတ်နေတတ်တယ်။ ပြီးရင် သူမရေးတဲ့ စာလုံးတွေက ရေးနည်း မမှန်တာမျိုးတွေ ရှိတယ် (သူမရေးနေကျက ခေတ်သစ် တရုတ်စာလုံးတွေကိုး) တခြားတစ်ဖက်မှာလည်း ယွီဟန်က ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဘယ်လောင်ပဲ ညနက်နေပါစေ ညတိုင်း စာမျက်နှာ နှစ်ရွက်အပြည့် စာရေးကျင့်လေ့ရှိတယ်။ သူ့မှာ ကိုယ်ရည်ကိုယ်သွေးကလည်းရှိ ဇွဲကလည်းရှိတော့ သူ့လက်ရေးက တော်တော်လေး ကြည့်ကောင်းတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now