Chapter - 17 (Part 1)

474 78 0
                                    

Unicode

ငါ့ရဲ့အတန်းဖော်ဟောင်းတစ်ယောက်က နိူင်ငံခြားက​နေ ပြန်​ရောက်လာပြီး ငါ့အတွက် လက်ဆောင်ယူလာတယ်။ အဲ့ဒါက အနောက်တိုင်းအမွေအနှစ်နေရာတစ်ခုရဲ့ ဥရောပဆန်ဆန် 3D ပဟေဋ္ဌိပုံစံတစ်ခုဖြစ်တယ်။

ငါ အဲ့ဒါကို အရမ်းသ​ဘောကျပြီး, အရမ်းလည်း ရက်​ရောချင်လာတဲ့အတွက် ​ကျောင်းကုန်းဇီကိုလည်း ငါနဲ့အတူ ပျော်ပျော်ပါးပါး ပေါင်းစည်းအ​ဖြေရှာဖို့ ဖိတ်ခေါ်လိုက်တယ်။

​ကျောင်းကုန်းဇီက အလွန်စိတ်တိုနေတဲ့အပြင် အလွန်လည်း ကြမ်းတမ်း​နေတယ်။ သူက အပိုင်းအစတွေကို အကြိမ်ပေါင်းများစွာ ခေါက်လိုက်ပြီး ဒီလို မိန်းကလေးဆန်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဖို့ အချိန်မရှိဘူးလို့ ပြောတယ်။

ငါက လူတွေကို အတင်းတွန်းအား​ပေးရတာကို မကြိုက်တဲ့အတွက် သူ့ကိုလည်း မကြိုက်ဘူး။ ဒါနဲ့ ငါ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဒီလို မိန်းကလေးဆန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အတွက် ကျင်းရှန့်ကို ဖိတ်​ခေါ်ဖို့ ဖုန်းလှမ်းဆက်လိုက်တယ်။

​ကျောင်းကုန်းဇီက ငါ့ဖုန်းကို ဆွဲယူလိုက်ပြီး ငါ့ကို ​အော်တယ်, "​သေလိုက်ပါ​တော့! မင်း သူ့ကို ပြန်ဆက်သွယ်နေတာပဲ! ​ဟေ့ကောင်! မင်းက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်​နေတာ! ​သေစမ်း! မင်း သူ့ကို ဆက်သွယ်ရဲတယ်ဆိုရင် လောင်ဇီ မင်းကို သတ်ပစ်မှာ!"

ငါ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေလိုက်တယ်။

သူ ကျိန်ဆဲပြီးသွားတာနဲ့ တယ်လီဖုန်းကြိုးကို ဆွဲထုတ်လိုက်တယ်။ ပြီး​တော့ ​အော်တယ်, "​လောင်ဇီ မင်းနဲ့ ပူးပေါင်း​ပေးမယ်!"

ငါ ​ကော်​ဇောပေါ် ပြန်လှဲချလိုက်ပြီး ပဟေဋ္ဌိကို ဆက်လေ့လာနေလိုက်တယ်။

​ကျောင်းကုန်းဇီက ပြောစရာတွေ အများကြီးရှိတဲ့ လူမျိုးပါ။ ဒါ​ကြောင့် သူလည်း ကော်ဇောပေါ် လှဲချလိုက်ပြီးတော့ ဆက်လက်ကျိန်ဆဲငြီးတွား​တော့တယ်, "ဟေ့ကောင်, မင်းက ခွေးလိုချင်တယ်, လောင်ဇီက ခွေးကို ထိန်းပေးရတယ်, မင်းက ပဟေဋ္ဌိတစ်ခုကို အ​ဖြေရှာချင်တယ်, နောက်ဆုံးတော့လည်း ​လောင်ဇီက အဲ့ဒါကို ဖြေရှင်းပေးရတဲ့သူပဲ, မင်းမှာသာ ငါ မရှိရင် မင်း စားရဖို့ မဖြစ်နိုင်ဘူး, ဒါ​ပေမယ့်လည်း မင်းက လောင်ဇီကို ​နေ့တိုင်း လိမ်နေတုန်းပဲ, ​သေလိုက်ပါ​တော့, ဒီ..."

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now