အပိုင်း ၅ (U&Z)

2.8K 249 0
                                    

(Unicode)

*ဟင်...မောင်က အခု အချိန်အထိကို အိမ်ကို မရောက်သေးဘူး...ဟုတ်လား မား...မဖြစ်နိုင်တာ...မနေ့က ညနေ...ချိုစံ ကိုယ်တိုင်...မောင့်ကို ကားဂိတ်ကို လိုက်ပို့ပြီး...ကားပေါ် တင်ပေးခဲ့တာလေ...ပြီးတော့ ကား ထွက်မှ ပြန်လာခဲ့တာပါ...
ဟင်...ဟုတ်ကဲ့ပါ မား...ဒါဆို ချိုစံလည်း ကားဂိတ်ကို ဖုန်းဆက် မေးလိုက်ဦးမယ်...လမ်းမှာ ကားပျက်နေလို့ များလား မသိဘူး...
ဟုတ်ကဲ့...အရမ်းတော့ စိတ်မပူပါနဲ့ မား...ချိုစံ ဖုန်းပြန်ဆက်ပါမယ်...ဟုတ်ကဲ့ မား...ဟုတ်ကဲ့...ဒါပဲနော်...

ရှောင်းကျန့် မားမားနဲ့ ဖုန်းပြောပြီးနောက် ချိုစံ နေရာမှာပဲ ငိုင်နေမိသည်။ နေရပ်ကို ရောက်ချိန် တန်သည့် တိုင်အောင် မရောက်သေးတဲ့ ချစ်သူကြောင့် ချိုစံ ရင်ပူ ရလေသည်။

ဘယ်တွေ သွားနေတာလဲ မောင်ရယ်...ဘာများ ဖြစ်နေလို့လဲ...ဟင်းးး...
ဟို အကောင် လန်စစ်ကျွေး...ဒင်းနဲ့ ထည့်လိုက် မိတာကိုက ငါ့ အမှားပဲ...ဘာလို့များ မကန့်ကွက်မိတာလဲ မသိဘူး...ဒင်းကလည်း ဘာကြံလို့ ကြံ​ေနမှန်း မသိ...ကြံနေတဲ့ကောင်...ဒုက္ခပါပဲ မောင်ရယ်... ချိုစံ ဘယ်လိုလုပ်ရမလဲ...မောင့်ကို ဘယ်မှာ လိုက်ရှာရမှာလဲ...

ချိုစံ စိတ်စောနေပေမယ့် အတန်းချိန် ရှိနေတာကြောင့် အတန်းဝင်ရလေသည်။  စာသင်ချိန် ပြီးမှပဲ နယ်က ကားဂိတ်ကို ရှောင်းကျန့်တို့ စီးသွားတဲ့ ကားအကြောင်း ဖုန်းဆက်ကာ မေးရလေသည်။

*ရှင်...ဂိတ်ဆုံးအထိ ပါလာတယ်...ဟုတ်လား...သေချာရဲ့လားရှင်...​ေဩာ် ဟုတ်ကဲ့...ဟုတ်ကဲ့ ရှင့်...ဒါဆို လမ်းမှာဆင်းတဲ့သူ တယောက်မှ မရှိတော့...ဂိတ်ဆုံး အထိ ပါလာတယ်ပဲ ပြောရမှာပေါ့...ဟုတ်ကဲ့ ကျေးဇူးပါနော်...

ဖုန်း ချပြီးချိန်မှာ ချိုစံ တယောက် စိတ်မောလူမောနဲ့ လက်ပန်းကျကာ ထိုင်ချမိ​ေတာ့သည်။

ဘယ်လို လုပ်ရမလဲ မောင်ရယ်...ချိုစံ မောင့်ကို ဘယ်မှာ လိုက်ရှာရမှာလဲ...ဘယ်တွေ သွားနေတာလဲ...
မဖြစ်ဘူး...ငါ နယ်က မောင့်အိမ်ကို လိုက်သွားရမယ်...ဒါမှ ဘာတွေ ဖြစ်နေလဲဆိုတဲ့... အခြေအနေကို သေသေ ချာချာ သိရမှာ...

You and l ; in unseen side (အခြားတဖက်မှာ မင်းနဲ့ငါ) (U&Z) - CompletedWhere stories live. Discover now