Part 17(Uni+Zawgyi)

5.3K 247 4
                                    

Uni

ရွှေဘုန်း အလုပ်က အပြန် ​ခေတ် ကြိုက်တတ်တဲ့ ဆိုင်က ​ချောကလက် ကိတ် ဝင် ဝယ် ခဲ့သည်။ ဆိုင်ထဲက အထွက် မှာ ​ရွှေဘုန်း မထင်မှတ်စွာ​ခေတ်နဲ့ ​အဖြူ​ကောင်တ​စ်ကောင် ​ဒေါင့်စားပွဲ​လေးတစ်ခုမှာ။

"ကျစ် ဘာလည်းကွာ "

မောင် ကမေး​ကျော​တွေ ​တောင့်တင်းထားပြီး ကိတ်ထည့်ထားတဲ့ အိတ်ကို ကျစ်ကျစ် ပါ​အောင်ကိုင်ကာ
ကားဆီသို့ ။​ခေတ် ​မောင့်ကိုမြင်​တော့

"​ကောင်း ခဏ​လေး "

​မောင့်ကားရှိရာသို့အ​ပြေးအလွှား

"​မောင့်!!! ဘာဖြစ်တာလဲ "

"ခင်ဗျားတို့ကို အ​နှောက်အယှက် ဖြစ်မှာဆိုးလို့ "

"ဟာာ ​မောင်ကလည်း ​ခေတ် က "

"​ရော့ "

​မောင်က ကိတ်ထုတ်ကို ​ခေတ်လက်ထဲ ထည့်ကာ ​ကား ​မောင်းထွက်သွားသည်။
​မောင်က​တော့ ဒုက္ခပဲ သူထင်ချင်ရာ ထင်ပြီး သူလုပ်ချင်ရာ လုပ်သွားတာ ။ ကား​မောင်းသွားတာလည်း မြန်လိုက်တာ။
​ခေတ်ကို လည်းရှင်းပြခွင့်​ပေးအုန်းမှ​ပေါ့ ။ စိတ်ညစ်လိုက်တာ ​မောင်ဒီလို စိတ်ဆိုးတာ တစ်ခါမှမမြင်ဖူးဘူး။

​"ကောင်း sorry "

"ရတယ် သယ်ရင်း "

"ဘယ်သူလဲ"

"ငါပြောပြတဲ့တ​စ်ယောက် "

"ဪမင်းရဲ့ ချစ်သူလား concon ပါကွာ "

"အလန်းစား​နော် ​တော်​တော်​ချောတယ်"

​ကောင်းကို​တော့ ​မောင်စိတ်ဆိုးသွားတဲ့အ​​ကြောင်းမ​​ပြောဖြစ်ပါ။ ​ကောင်းစေသူ က ​ခေတ် ဂျပန်မှာခင်ခဲ့တဲ့သူငယ်ချင်း ။ သူကမြန်မာပြည်ခဏ အလည်ပြန်လာတာ ။ ​ခေတ်ဆီ လာလည်လို့ လိုက်ဧည့်ခံလိုက်တာ ။ ​မောင့်ကို ကြို ဖုန်းဆက်မထားမိတာ ဒုက္ခ ​ပေးတာပဲ ။ ​မောင်က သူ့ ကို မ​ပြောဘဲလုပ်ရင် အရမ်း​ဒေါသ ထွက်တာ။ သူ့ဆီခွင့်မ​တောင်းသလို ဖြစ်သွားတာ​​လေ။ ​​ခေတ်ကလည်း ​မောင်နဲ့တွေ့မယ် မထင်မိတာကို။

​📩မောင်!! ခေတ်ကိုရှင်းပြခွင့်​ပေး

​မောင်က ​ခေတ် message ​တွေကို reply တခုမှမပြန်။

Forever Together  (Completed)Where stories live. Discover now