၂..ခေါင်းမာတတ်ခြင်း

6.1K 471 5
                                    

[Unicode]

"သမီးဘာလုပ်နေတာလဲ?"

ပိုင်မဲ့လီကသူမလက်ကိုအသာပုတ်လိုက်သည်၊ဒီအမျိုးသမီးသည် ပိုင်စုရှင်း၏မိခင်အရင်းဖြစ်သည်"ဒီသားအမိနှစ်ယောက်ကဂေဟာနီကိုသွားရတော့မှာ"

ဂေဟာနီ?

သားအမိနှစ်ယောက်က ပိုင်မဲ့လီအားငိုယိုပြီးသူတို့ကိုသနားဖို့ ဂရုဏာထားဖို့နဲ့ဒုတိယအကြိမ်အခွင့်အရေးပေးဖို့ တောင်းပန်လေရှာသည်။

သူတို့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကြောင့်သူမနှလုံးသားကတုန်လှုပ်သွားခဲ့သည်၊ငါသူတို့ကိုကူညီချင်တယ်..ဒါပေမယ့်၊အဲ့ဒီနောက်ပိုင်မဲ့လီက "သမီးရဲ့နှလုံးသားကို မာကြောအောင်လုပ်ရမှာမဟုတ်ရင် တခြားသူတွေကသမီးကို ဟာသအဖြစ်မြင်ကြလိမ့်မယ်၊သမီးရဲ့စကားတွေက ပန်းပွင့်တွေလိုပဲနူးညံ့‌တော့တခါတရံမှာလူတွေကသူတို့ရဲ့အဆင့်အတန်းသူတို့မေ့သွားတတ်ကြတယ်၊အဲ့တာကြောင့် သူတို့အပေါ်ကိုနူးနူးညံ့ညံ့မဆက်ဆံပါနဲ့"

"ဒါပေမယ့် အဲ့တာကစပျစ်ကိတ်တစ်ခုတည်းလေ"

"မုန့်လေးတစ်ခုထဲအတွက်နဲ့ဘာလို့ဒီလောက်ထိအပြစ်ပေးဖို့လိုမှာလဲ?"

"ဒီနေ့ မုန့်ပဲ၊မနက်ဖြန်ရော?ကျောက်စိမ်းလက်ကောက်?ပိုက်ဆံ?ရွှေ?ခင်ပွန်း?မပြောနိုင်ဘူးလေ"

သူမဆက်ငြင်းချင်ပေမယ့် ပိုင်မဲ့လီက နားမထောင်တော့ပါ၊အစေခံနှစ်ယောက်ကို လျစ်လျူရှုပြီး အစောင့်တွေအားအိမ်တော်ထဲကနေဆွဲထုတ်ပြီးဂေဟာနီကိုပို့ဖို့ချက်ချင်းအမိန့်ပေးလိုက်တော့သည်။

"နင်ဘာဖြစ်နေတာလဲ?"

သူမကျင်းအာကို ကြည့်ပြီးစိတ်ရှုပ်သွားသည်၊ကျင်းအာ၏လက်များသည် ဆိုးဆိုးရွားရွားတုန်ရင်နေပြီးမျက်လုံးများပင် အငြိမ်မနေဘဲနေရာအနှံ့ ပျံ့လွင့်နေသည်၊သူမအလွန်ကြောက်ရွံ့နေပုံရသည်။

"ကျင်းအာ?"

ရုတ်​တရက်​ ကျင်းအာလက်ထဲမှလက်​ဖက်​ရည်​အိုးပြုတ်​ကကျသွားသည်၊နောက်တော့သူမသခင်မလေးရှေ့မှာ ရုတ်တရက်ဒူးထောက်လိုက်ပြီး....

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now