Chapter 6.2

7.5K 1.2K 40
                                    

(Unicode)

ပိုင်မုက အသားကိုမျက်စောင်းထိုးနေပေမယ့် စိတ်တည်ငြိမ်ချင်ဟန်ဆောင်ဖို့ ကြိုးစားနေတဲ့ ခြင်္သေ့လေးကို ရယ်ချင်စွာကြည့်လိုက်တယ်။

"ငါက ပိုင်မုကို မင်းရဲ့လူလူသားရဲကို စားဖို့ပေးလိုက်တာ၊ မင်းနဲ့ဘာမှလုပ်စရာရှိမနေဘူး"ခဲယ်လ်တစ်က ခြင်္သေ့လေးကို *လဲကျအောင် လုပ်လိုက်တယ်(T/N-stickerမြင်ဖူးကြတယ်မလား တရုတ်နိုဗယ်တွေမှာလေ လဲကျနေပြီး မျက်ရည်အိုင်ထဲနစ်နေတာလေး)။ခြင်္သေ့လေးရဲ့စိတ်ထိခိုက်သွားတဲ့မျက်ရည်တွေက စမ်းချောင်းလို အောက်ကို ကျလာတော့တယ်။

ပိုင်မုက ညီအစ်ကိုနှစ်ယောက်ကို ရှက်ရွံ့စွာကြည့်လိုက်ပြီးတော့ သူ့လက်ထဲက အမဲသားကို ခြင်္သေ့လေးကို ချက်ချင်းပေးလိုက်တာနဲ့ တပေါက အဲ့ဒါက ယူလိုက်ပြီး ချက်ချင်း ပြုံးရယ်သွားတော့တယ်။

"အကိုကြီးပိုင် ဒါကို အစ်ကိုကိုယ်တိုင်လုပ်ထားတာလား ၊ဒါက အရသာရှိတယ်"အန်းချီလော့က ပြောခဲ့တယ်။သူ့ရဲ့မျက်လုံးလေးတွေက တပေါလက်မောင်းတွေထဲမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ အမဲသားဆီကို ဖြတ်ဝေ့သွားတယ်။

"မဟုတ်ဘူး"အဲ့ဒီစကားတွေကိုကြားတော့ အန်းချီလော့က စိတ်ပျက်လုနီးပါး‌ဖြစ်သွားပေမယ့် ပိုင်မုရဲ့နောက်ထပ်စကားလုံးတွေကတော့ သူ့ကို ပျော်ရွှင်စေတယ်။"ဒါက မခက်ခဲဘူးလေ၊ မင်းစားဖို့အတွက်ပါ၀င်ပစ္စည်းအားလုံးကို ရှာတွေ့ဖို့  ငါ့မှာ အခွင့်အရေးရှိလာမှာပါ"

"တကယ်လား"အန်းချီလော့က အံ့အားသင့်သွားတယ်။

"အကိုကြီး အကိုပိုင်မုက ‌တပေါရဲ့towerမဖြစ်နိုင်ခဲ့ရင် ကျွန်တော်က အစ်ကို့ကို အကိုကြီးအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး"တပေါက ပိုပြီးတည့်တိုးဆန်တယ်။အန်းချီလော့ကလည်းပဲ ခေါင်းညိတ်သဘောတူလိုက်တယ်။(T/N-ခဲယ်လ်တစ်ကို ခြိမ်းခြောက်နေကြတာကျန်း....အစားတလုတ်အစွမ်းအံ့မခန်း🤣)

"Towerကဘာလဲ"ပိုင်မု ဒီနာမည်ကိုကြားတာ ဒီနေ့မှာဆို နှစ်ကြိမ်မြောက်ရှိပြီ။(towerက အရင်အခန်းမှာတုန်းက ပါပါတယ် မျိုးနွယ်စုကိုပြန်လာတုန်းက တပေါက ဒါကသူ့ရဲ့towerလားလို့ ခဲယ်လ်တစ်ကိုမေးတယ်လေ  အဲ့ဒါကိုကိုယ်က meaningရှာမတွေ့တော့ ပစ္စည်းလို့ပြန်လိုက်တာ ဒီအပိုင်းမှ သူ့ဆိုလိုရင်းကိုသိရတယ်🥴)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now